လွှတ်တော် ဥက္ကဋ္ဌများက မဲဆန္ဒနယ်များ လစ်လပ်ကြောင်း အကြောင်းကြားသည့်နေ့မှစ၍ ၃လအတွင်း ကြား ဖြတ် ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်ဖြည့်စွက်သည့်ထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအား ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်၍ ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးရှင်းလင်းသည်။
ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော် ရွေးကောက်ပွဲ ဥပဒေများတွင်ပါရှိသော ရွေးကောက်ပွဲ အဓိပ္ပါယ်ဖွင့်ဆိုချက်တွင် ကြားဖြတ်ရွေးကောက်ပွဲစကားရပ် ဖြည့်စွက် ထည့်သွင်းရေး တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းများကိုလည်း တင်ပြခဲ့သည်။
အဆိုပါဥပဒေကြမ်းများကို ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီက တင်သွင်းခဲ့ခြင်းဖြစ်သည်။