မြန်မာနိုင်ငံရဲ့ ဘိန်းထုတ်လုပ်မှုဟာ ယခင်နှစ်များကဲ့သို့ ကမ္ဘာမှာ ဒုတိယနေရာမှာ ရှိနေဆဲဖြစ်ကြောင်း မနေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ရာဇဝတ်မှု တိုက်ဖျက်ရေးဌာန (UNODC) က ထုတ်ပြန်လိုက်ပါတယ်။
အာဖဂန်နစ္စတန်ပြီးရင် ဘိန်းထုတ်လုပ်မှု အများဆုံးအဆင့်မှာ ရပ်တည်နေဆဲဖြစ်ပြီး ဆင်းရဲမွဲတေမှုနဲ့ နယ်စပ်ဒေသမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ ဘိန်းစိုက်ပျိုးမှုရဲ့ နောက်ကွယ်က အကြောင်းတရားတွေပဲ ဖြစ်တယ်လို့လည်း အစီရင်ခံစာက သုံးသပ်ပါတယ်။
UNODC ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုဟာ ၂၀၁၃ ခုနှစ်မှာ ဟက်တာ ၅၇၈၀၀၊ ၂၀၁၄ ခုနှစ်မှာ ဟက်တာ ၅၇၆၀၀၊ ၂၀၁၅ ခုနှစ်မှာ ၅၅၅၀၀ ရှိနေပြီး၊ ရှမ်းပြည်နယ်ဟာ ဘိန်းစိုက်ပျိုးမှု အများဆုံးဒေသ ဖြစ်ကြောင်း၊ ကယား၊ ကချင်၊ ချင်းစတဲ့ ပြည်နယ်တွေမှာ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။
TNI လို့ခေါ်တဲ့ Trans Natioanal Instiute ကတော့ ဘိန်းစိုက်ပျိုးသူတွေဟာ မိသားစု စားဝတ်နေရေးကြောင့် စိုက်ပျိုးနေရတာဖြစ်ပြီး သူတို့ကို ဖမ်းဆီးအရေးယူမယ့်အစား လူသားချင်းစာနာတဲ့ အကူ အညီပေးဖို့လိုတယ်လို့ ထောက်ပြပါတယ်။