တရုတ်နိုင်ငံ တောင်ပိုင်းက ဂွမ်းဒေါင်းပြည်နယ် Shenzhen မြို့က စက်မှုဇုန်မှာ မြေပြိုကျရာ အလုပ်သမား များ နေထိုင်ရာ အဆောက်အဦး ၃၃ လုံး ပျက်စီးသွားပြီး လူပေါင်း ၉၀ ကျော် ပျောက်ဆုံးနေကြောင်း တရုတ်အစိုးရ သတင်းကို ကိုးကားပြီး CNNမှာ ဖော်ပြထားပါတယ်။
မြေပြိုမှု ဖြစ်ပွားပြီး ချက်ခြင်းပင် အစိုးရက ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ဖို့ ပြောကြားခဲ့ပါတယ်။ အနည်းဆုံး ၁၃ဦး အရေးပေါ် အခြေအနေနဲ့ ဆေးရုံပို့ ဆောင်ခဲ့ပြီး အမျိုးသား ၅၉ ဦးနဲ့ အမျိုးသမီး ၃၂ဦးပျောက်ဆုံးနေတယ်လို့ နိုင်ငံပိုင် CCTVကဆိုပါတယ်။ ရဲသတင်းရ မြေပြိုတာဟာ ဒေသစံတော်ချိန် နံနက် ၁၁နာရီ ၄၀ ခန့်မှာ ဖြစ်ပွားခဲ့ပြီး၊ မီးသတ်တပ်ဖွဲ့ ၁၁ဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ကိုင်နေပါတယ်။ ဘာကြောင့်မြေပြိုတယ်ဆိုတာကိုတော့ မပြောနိုင်သေးပါဘူး။