ရခိုင်အရေးနှင့်ပတ်သက်၍ NLD ဗဟိုအလုပ်အမှုဆောင် ဦးညီပု၏ အမြင်

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရထားပြီး အစိုးရဖွဲ့ဖို့ ပြင်ဆင် နေတဲ့အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ရဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ မူဝါဒ၊ ဖြေရှင်းပေးရမယ့် စိန်ခေါ်မှုတွေနဲ့ NLD နဲ့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေ ကြားရင်ကြားစေ့ နိုင်ရေးတို့ကို  NLD  ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ် ရခိုင်တိုင်းရင်းသားတဦးလည်း ဖြစ်တဲ့ ဦးညီပုကို ဧရာဝတီ ကော်ပီအယ်ဒီတာ ထက်နိုင်ဇော်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးညီပုဟာ အစိုးရသစ် လက်ထက်မှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ထင်ကြေးပေးခံနေရပြီး ၂၀၁၅ ရွေး ကောက် ပွဲ မှာ ရခိုင် ပြည်နယ် ဂွမြို့နယ်ကနေ အနိုင်ရရှိထားတဲ့ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်တဦး ဖြစ်ပါတယ်။ NLD ပါတီအနေနဲ့ ဗဟိုအလုပ်အမှုဆောင် တဦးကို ပြည်နယ်မှာ ဆင်းပြိုင်ခိုင်းတာဟာ နိုင်ငံရေး ရည်ရွယ်ချက် တစုံတရာ ရှိပုံရပါတယ်။

မေး။    ။ NLD  အစိုးရလက်ထက်မှာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာအောင် ဘယ်လို ပါဝင်ဆောင်ရွက် ဖို့ ပြင်ဆင်ထားပါသလဲ။
ဖြေ။    ။ လုပ်ရမှာတွေက အများကြီးပဲ။ ပြဿနာတွေက လည်း အများကြီး ရှိတယ်လေ။ ဆိုတဲ့အခါကျတော့ လုပ်ရမှာတွေက အများကြီးပဲ။

မေး။    ။ ရခိုင်ပြည်နယ်က အင်မတန် ဆင်းရဲပါတယ်။ လမ်းပန်းဆက်သွယ်ရေး မကောင်းဘူး။ သင်္ဘော တွေကပ်နိုင်ဖို့ ဆိပ်ခံကောင်းကောင်းမရှိဘူး။ ပညာရေးနိမ့်ကျနေတယ်။ ကျောင်းကောင်းကောင်း မရှိဘူး။ ကျန်းမာရေးဆိုရင် လည်း ဒီအတိုင်းပဲ။ တချို့လူငယ်တွေအရက်စွဲနေကြတယ်။ ဒါတွေကိုဖြေရှင်းဖို့ ဘယ်လို စဉ်စားထားတာတွေ ရှိလဲ။
ဖြေ။    ။ စဉ်းတော့ စဉ်းစားထားပါတယ်။ အခု ကတော့ စဉ်းစားထားတုန်းလောက်ပဲ ရှိသေးတာပေါ့။ ဘာလုပ်မယ်ဆို တာ ပြောဖို့ကတော့ နည်းနည်းစောဦးမယ်လို့ ထင်ပါတယ်။

မေး။    ။ ရခိုင်ပြည်နယ်အရေး ကိစ္စတွေကိုဖြေရှင်းဖို့ ဘယ်လိုစိန်ခေါ်မှုတွေရှိနေလဲ။
ဖြေ။    ။ အားလုံး သိတဲ့အတိုင်းပဲလေ။ လူမျိုးရေး၊ အမျိုးသားရေးဆိုတဲ့ ကိစ္စမျိုးတွေက အခက်အခဲတွေပေါ့။ စိန်ခေါ်မှုတွေပေါ့။ ဒါမျိုးတွေ ဖြေရှင်းရမှာပါ။

မေး။    ။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် နိုင်ငံတကာ ကူညီထောက်ပံ့မှုတွေ ယူမှာလား။
ဖြေ။    ။ ဒါတွေကတော့ ယူရမှာပေါ့ဗျာ။ နိုင်ငံတကာအကူအညီ မရဘဲနဲ့တော့ ဘယ်လိုလုပ်သွားလုပ်နိုင်မလဲ။

မေး။    ။ ရခိုင်မြေပေါ်မှာလုပ်နေတဲ့ တရုတ်နိုင်ငံက စီမံကိန်းတွေကို ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေရှိပါတယ်။ ဒီစီမံကိန်းတွေနဲ့ ပတ်သက်လို့ ဘယ်လိုစဉ်းစားထားတာရှိပါသလဲ။
ဖြေ။    ။ အဲဒါတွေကလည်း ဒေါ်အောင်ဆန်းစုကြည် ပြောနေတာတွေလည်း ရှိပါတယ်။ တချို့ကိစ္စတွေက လည်း ပြန်ပြီး တော့ ညှိနှိုင်းဆောင်ရွက်ရမယ့် ကိစ္စမျိုးတွေလည်း အများကြီး ရှိမှာပေါ့။

မေး။    ။ NLD ပါတီကရခိုင်ပြည်နယ်အတွက် ဘယ်လို မူဝါဒမျိုးချမှတ်ထားတာရှိလဲ။
ဖြေ။    ။ အဲလို မူဝါဒမျိုး မရှိသေးပါဘူး။

မေး။    ။ အနိုင်ရ NLD နဲ့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေကြားမှာ ဘယ်လိုရင်ကြားစေ့ရေးတွေ လုပ်ဆောင်သွားဖို့ရှိလဲ။
ဖြေ။    ။ ဒါတွေက စောစောကပြောသလို ကျနော်တို့ စဉ်းစားထားတာတွေတော့ အများကြီး ရှိပါတယ်။ အဖွဲ့ချုပ် အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်က ဒါတွေကို မဖြစ်မနေ လုပ်မှာပါ။ ဆွေးနွေးညှိနှိုင်း တာတွေလုပ်မယ် လို့ပြောထားပြီးသားပါ။ လုပ်လည်း လုပ်နေတာတွေ ရှိပါတယ်။ ဒါတွေကတော့ လုပ်မှာပါ။

မေး။    ။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ရာထူးကို NLD က ယူမှာလား၊ ရခိုင်ပါတီတွေကို ပေးမှာလား။
ဖြေ။    ။ အဲဒါကလည်း ဒီချိန်ခါမှာ မပြောနိုင်သေးပါဘူး။ စောစောက ပြောသလို ညှိနှိုင်းဆောင်ရွက်ရမယ့် ကိစ္စတွေ အများကြီး ရှိရဦးမှာပါ။

မေး။    ။ အန်ကယ်ကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဆိုပြီး ထင်ကြေးပေးနေကြတယ်။ ဘာပြောချင်ပါသလဲ။
ဖြေ။    ။ ဒီကိစ္စကလည်း အခုချိန်မှာ ဘာမှပြောလို့မရသေးပါဘူး။

 မေး။    ။ NLD က တနိုင်ငံလုံးအတိုင်းအတာနဲ့ အနိုင်ရလို့ သမ္မတလုပ် အစိုးရဖွဲ့နိုင်မှာဖြစ်ပေမယ့်ရခိုင် ပြည်နယ် လွှတ်တော်မှာ ရခိုင်ပါတီက ပိုများနေတဲ့အခါ နိုင်ငံရေးအရ ဘယ်လိုရှေ့ဆက်လုပ်ဆောင်သွားဖို့ ရှိလဲ။
ဖြေ။    ။ အခုချိန်မှာကချမှတ်ထားတာတွေ၊ ဆုံးဖြတ် ထားတာတွေ မရှိသေးဘူးလေ။ ညှိနှိုင်းမှုတွေမလုပ် ရသေးတဲ့ အခါပြောဖို့ တော်တော်ခက်နေတယ်။

မေး။    ။ NLD အစိုးရ တက်လာရင် ရခိုင်ပြည်နယ် မှာရှိတဲ့ မွတ်စလင်တွေရဲ့အတွက် ဘယ်လို ဆောင်ရွက်ပေးသွား မလဲ။ လူနည်းစု ပြဿနာအပေါ်မှာ ဘယ်လို စဉ်းစားထားလဲ။
ဖြေ။    ။ ဒါတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ပြော နေတာတွေလည်း ရှိပါတယ်။ နိုင်ငံတကာ စံချိန် စံညွှန်းတွေနဲ့ လည်း ကိုက်ညီတဲ့ အနေအထားမျိုး ဖြစ်အောင်၊ ကိုယ်ဒေသမှာလည်း တဖက်နဲ့တဖက် ပြေပြေ လည်လည်ဖြစ် အောင် အချင်းချင်းညှိနှိုင်းရမှာပေါ့။

Did you find apk for android? You can find new Free Android Games and apps.
Loading