ရဲတပ်ဖွဲ့ပြုပြင်ရေးအပါအဝင်ကဏ္ဍ ၃ရပ်အတွက် EU က ယူရို သန်း ၇၀ထောက်ပံမည်
This article has been converted from Zawgyi One to Unicode
ဥရောပသမဂ္ဂ(EU)က မြန်မာနိုင်ငံ၏ အဓိကကဏ္ဍကြီးများဖြစ်သည့် အစားအစာနှင့် အဟာရဖူလုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရေး စသည့်နေရာများတွင် သုံးရန် အတွက် ယူရို သန်း၇၀ (မြန်မာကျပ် ဘီလျံ ၁၀၀ နီးပါး) သုံးစွဲသွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်သည်။
အစားအစာနှင့် အဟာရဖူလုံရေးနှင့် ပတ်သက်၍ ဆင်းရဲမွဲတေမှု လျော့ချရေး၊ စိုက်ပျိုးရေးနှင့် ရေထွက် ကုန်ပစ္စည်း လုပ်ငန်းလုပ်ဆောင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ကို ခေတ်မီ ရဲတပ်ဖွဲ့ အဖြစ် ပြောင်းလဲဖွဲ့စည်းရန် အတွက်၎င်းး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အသုံးပြုရန်ဖြစ်ကြောင်း ဖော်ပြထားသည်။
၂၀၁၁ ခုနှစ် ပြုပြင်ပြောင်းလဲရေးစတင်ပြီးနောက်ပိုင်း EUက မြန်မာအပေါ် ပိတ်ဆို့အရေးယူမှု လျော့ချကာ ထောက်ပံကူညီမှုများ ပြလုပ်ခဲ့ကြောာင်း မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ် ရိုလန်ကိုဘီက ပြောပါတယ်။