NLD အစိုးရသစ်လက်ထက်မှာ ရခိုင်ပြည် နယ်မှာရှိတဲ့ မွတ်စလင်တွေရဲ့ အခွင့်အရေး၊ တရား ဥပဒေစိုးမိုးရေး၊ မတူညီတဲ့ လူ့အသိုင်း အဝန်းနှစ်ခုကြားမှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေ ထိုင်နိုင်ရေးအတွက် ဘယ်လိုလုပ် ဆောင် သင့်တယ် ဆိုတာတွေကို လူနည်းစုအခွင့်အရေး လှုပ် ရှားသူတဦးဖြစ်တဲ့ ဒေါ်ဝေဝေနုကို ဧရာဝတီ ကော်ပီအယ်ဒီတာ ထက်နိုင်ဇော်က ဆက်သွယ် မေးမြန်းထားပါတယ်။
မေး။ ။ NLD အစိုးရတက် လာရင်ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စလင်တွေရဲ့ အခွင့်အရေးတွေ ပိုကောင်း လာနိုင်လား၊ ဘယ်လို မျှော်လင့်ထားလဲ။
ဖြေ။ ။ ကျမကတော့ အခုပြောဖို့ သိပ်စောသေးတယ်လို့ထင်တယ်။ ဒါပေမယ့်ကျမ တို့ကောင်း လာဖို့ မျှော် လင့်တယ်။ ပိုပြီးအပြုသဘော ဆောင်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ အဖြေရှာမှုမျိုး တွေရှိလာဖို့ မျှော်လင့် တယ်။ ဘာကြောင့်လဲဆို တော့ လူနည်းစုတွေရဲ့ ပြဿနာ၊ ရခိုင်ပြည်မှာ ရှိနေတဲ့လူနည်းစုတွေရဲ့ ပြဿနာ၊ မွတ်စလင် တွေ နဲ့ပတ်သက်ပြီးတော့ဖြစ်နေတဲ့ ပဋိပက္ခတွေနောက် အဲဒီမှာဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုး ဖောက်မှု တွေ အဲဒီကိစ္စတွေအားလုံးဟာ တတိုင်းပြည်လုံး နဲ့ဆိုင်တဲ့ ပြဿနာဖြစ်တယ်။ တိုင်းပြည်ရဲ့ ပြဿနာ ဖြစ်တယ်။ အဲဒီ ပြဿနာဟာ ဖြေရှင်းဖို့ အရေးတကြီး လိုအပ်တဲ့ ပြဿနာဖြစ်တယ်။ ဖြေ ရှင်းမှရမယ့် ပြဿနာ ဖြစ်တယ်။ ဒါကို အစိုးရသစ် နဲ့နိုင်ငံ့ခေါင်းဆောင်တွေကနေပြီးတော့ သဘော ပေါက် နားလည်တယ်လို့ ကျမ ယုံကြည် တယ်။ အဲဒီအတွက်ကြောင့် သူတို့ဖြေရှင်းကြလိမ့်မယ် လို့ ကျမယုံကြည်တယ်။
ဖြေရှင်းတယ်ဆိုတဲ့အခါမှာ အဓိကတရား မျှတမှုနဲ့ ငြိမ်းချမ်းမှုကို ဦးစားပေးရမှာ ပေါ့နော်။ သူတို့ရဲ့ဖြစ်တည်မှု၊ သူတို့ရဲ့အခွင့်အရေးအားလုံး ကိုအသိအမှတ်ပြုပေးပြီးတော့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ဦးစားပေးပြီးတော့ လုပ်သွားရမယ် လို့ မျှော်လင့်ပါ တယ်။
မေး။ ။ အဲဒီဒေသက မွတ်စလင်တွေမှာ ဘယ်လို အခွင့်အလမ်းတွေ ဆုံးရှုံးနေလဲ။
ဖြေ။ ။ ဘယ်လို အခွင့်အရေးမျိုး ဆုံးရှုံးနေလဲဆိုတော့ ပထမဆုံးလူသားဖြစ်တည်မှုအထိပါဆုံးရှုံး နေတာပေါ့။ ပထမဆုံးစပြောရမယ်ဆိုရင် နိုင်ငံ သားအခွင့်အရေးကို ရုတ်သိမ်းခံရတယ်။ လူမျိုး အဖြစ်ရပ်တည်ခွင့်ကို ရုတ်သိမ်း ခံရတယ်။ ဒါ့ အပြင်နေ့တဓူဝ ချုပ်တည်းမှုတွေ၊ ထိန်းချုပ်မှု တွေ၊ ပိတ်ပင်မှုတွေသွားလာခွင့်ပိတ်ပင်မှု၊ စီးပွား ရေးပိတ်ပင်မှု၊ အစိုးရမှာ တာဝန်ထမ်းဆောင်ခွင့် တွေ ပိတ်ပင်မှု၊ မဲပေးပိုင်ခွင့်တွေ ပိတ်ပင်မှု၊ ရွေးချယ် ပိုင်ခွင့်တွေ ပိတ်ပင်မှု၊ ပညာရေးကဏ္ဍတွေ မှာ ပိတ်ပင်မှု၊ စီးပွားရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေမှာပိတ်ပင်မှု၊ လူမှုဘဝအကုန်လုံးမှာ ရပ်တည် မှုအကုန်လုံးမှာ ပိတ်ပင်ပြီးတော့ ချုပ်နှောင်ခြင်း ခံထားရတယ်ပေါ့။ အဲ့အတွက် ကြောင့်မို့ သူတို့ရဲ့ အခြေခံအခွင့်အရေး အားလုံးကို ဆုံးရှုံးပြီးတော့ လူသားဖြစ်တည်မှုအတွက်ပါ ခြိမ်းခြောက် ခံနေ ရတဲ့ဟာမျိုးပေါ့။ လုံခြုံမှုဆိုတာလည်း လုံးဝမရှိဘူး။ အချိန်မရွေး စော်ကားခံရတာ၊ ရိုက်နှက်ခံရတာ၊ ညှင်းပန်းနှိပ်စက်ခံရတာ၊ ဖမ်းဆီးခံတာ၊ သတ်ခံရတာမျိုး အဲလိုမျိုး။ နောက်ပြီးအသက်ရှင် ရပ်တည်ဖို့အတွက်ပါ အစားအသောက်၊ ကျန်း မာရေး၊ အနေအထိုင်တွေအထိ ကျပ်တည်းနေတဲ့ အခြေအနေအထိမှာ ဖမ်းဆီးခြင်း ခံနေရတာမျိုး ကို တွေ့ရတယ်။
မေး။ ။ မွတ်စလင်တွေကိုယ်တိုင် သူတို့တွေ ကိုယ်တိုင်ကရော တရားဥပဒေစိုးမိုးမှုကို လေးစားတာ။ စည်းကမ်း ရှိ တာတွေအတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောလို့ရမလား။
ဖြေ။ ။ တရားဥပဒေစိုးမိုးမှု၊ လေးစားမှု။ တခါမှ ရခိုင် ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာတွေ၊ မွတ်စလင်တွေက တရားဥပဒေ ကို ဘောင်ကျော်ပြီးတော့ လုပ်ခဲ့တာမျိုး မရှိဘူး။ အားလုံးက တရားဥပဒေကို လိုက်နာပြီးတော့ တိုင်းပြည် အတွင်းမှာ အေးအေးချမ်းချမ်း နေထိုင်ခဲ့တဲ့ သာဓကတွေပဲရှိတယ်။ အေးအေးချမ်း ချမ်း နေထိုင်ပြီးတော့ တိုင်းပြည်ရဲ့ တာဝန်တွေ အားလုံးကို ထမ်းဆောင်ပြီးတော့ အများတန်းတူ ရင်ပေါင် တန်းပြီးတော့ တိုင်းပြည် အတွက် တာဝန် ကျေပွန်ခဲ့တဲ့ လူတွေချည်းပဲ။ ဘယ်သူမှ တရားဥပဒေ ဘောင် ကျော်ပြီးတော့ ဥပဒေကို မလေးမစားလုပ်ခဲ့ တာမျိုးမရှိခဲ့ပါဘူး။ နဂိုကတည်းက ဥပဒေကိုလိုက်နာလို့ အခုချိန်ထိ ဒီလောက် ညှင်းပန်း နှိပ်စက်ခံနေရတာ တောင်မှ အေးအေးရှိနေတာပေါ့နော်။
မေး။ ။ လက်ရှိ ဦးသိန်းစိန် အစိုးရရဲ့ ရခိုင်ပြည်နယ်က မွတ်စလင်တွေအပေါ်မှာ ချည်းကပ်တဲ့ နည်းလမ်း၊ မူဝါဒ တွေက အလုပ်ဖြစ်ခဲ့လား။ ဘယ်လိုမြင်လဲ။
ဖြေ။ ။ အလုပ်ဖြစ်ခဲ့လား၊ မဖြစ်ခဲ့လားဆိုတာ လက်ရှိ အနေအထား လူ့အဖွဲ့အစည်း နှစ်ခုကြားထဲမှာရှိနေတဲ့ ကြီးမြင့် လာတဲ့၊ အရမ်းကို မြင့်တက်လာတဲ့ မယုံ ကြည်မှုတွေ၊ သံသယတွေ၊ ကြောက်ရွံ့စိတ်တွေနဲ့ လူတွေရဲ့ နေ့စဉ် ဘဝ ဆင်းရဲမွဲတေမှုတွေ၊ လူ့အခွင့် အရေး ချိုးဖောက်ခံနေရမှုတွေ၊ လက်ရှိအခြေအနေကို ပြန်ကြည့် မယ်ဆိုရင် ဒီမူဝါဒက ခွဲခြားဆက်ဆံရေး မူဝါဒဟာ အလုပ်ဖြစ်လား၊ မဖြစ်လားဆိုတဲ့ဟာကို ကျမတို့ ထင်ထင်ရှားရှား တွေ့မြင်ရပါတယ်။
မေး။ ။ အစိုးရကလည်း အခုချိန်ထိ ရိုဟင်ဂျာဆိုတာ နိုင်ငံသားမဟုတ်ဘူးလို့ တရားဝင် ထုတ်ပြန် ထား ပါတယ်။ တဖက်က ခွဲခြားဆက်ဆံခံရတယ်လို့ ပြောတယ်။ ဒီပြဿနာတွေပြေလည်ဖို့ ဘယ်လို ဖြေရှင်းသင့်တယ်လို့ ထင်လဲ။
ဖြေ။ ။ သမာသမတ်ကျကျနဲ့ မျှတတဲ့စိတ်နဲ့ အားလုံး ပါဝင်နိုင်မယ့် ဆွေးနွေးပွဲတွေလုပ်ပြီးတော့ ဖြေရှင်းဖို့ လိုတယ်၊ စေတနာမှန်မှန်နဲ့ ဖြေရှင်းပေးဖို့ လိုတယ်။ နိုင်ငံသားမဟုတ်ဘူးလို့ ပြောတဲ့ဟာက အကြောင်းအကျိုး ခိုင်လုံမှု ရှိဖို့လဲ လိုတယ်။ နိုင်ငံသားဖြစ်ပြီး နိုင်ငံသားအခွင့်အရေး အပြည့်အဝရပြီးသား တခြား လူမျိုး တွေအားလုံးနဲ့ ရခိုင်-ဗမာ စသည့်ဖြင့် တခြား လူမျိုးတွေနဲ့ တန်းတူအခွင့်အရေးရပြီးသား လူမျိုး တစု လူတွေ Individual တယောက်ချင်းဆီဟာ အခုမှ နိုင်ငံသားမဟုတ်တော့ဘူး ဆိုတဲ့ဟာက နှစ်ပေါင်း ၂၀ ဝန်းကျင်လောက် အတွင်းမှာ နိုင်ငံသား မဟုတ်တော့ဘူးဆိုတဲ့ဟာက စဉ်းစားစရာမေးခွန်းတွေ အများကြီးရှိတယ်။ သူတို့ရဲ့ နိုင်ငံသား ဖြစ်တည်မှုနဲ့ ဆိုင်တဲ့ မှတ်တမ်းမှတ်ရာ အားလုံးဟာ အစိုးရဌာနတွေမှာ ရှိပါတယ်။ အဲဒါတွေကို ပြန်လှန်လျောပြီး တော့ နိုင်ငံသား ဟုတ်/မဟုတ် မျှမျှတတနဲ့ ပြန်ပြီး တော့ စိစစ်ပေးတယ်ဆိုလို့ရှိရင် ဒီကိစ္စက ဖြေရှင်း သွားမှာပါ။ အဓိကက မျှတတဲ့စိတ်နဲ့ မှန်ကန်တဲ့ စိတ်ထားနဲ့ တိုင်းပြည်ရဲ့ ကောင်းရာကောင်းကျိုးကို မျှော်ကိုးပြီးတော့ စစ်မှန်တဲ့ စေတနာနဲ့ သတိဝီရိယ ထားပြီးတော့ မှန်မှန်ကန်ကန် အားထုတ်မှုတွေလုပ်ဖို့ တော့ လိုပါတယ်။
စိန်ခေါ်မှုတွေလည်း အများကြီး ရှိနိုင်ပါတယ်။ အခက်အခဲတွေလည်း အများကြီး ရှိနိုင်ပါတယ်။ ဘယ်အစိုးရကပဲ ဖြေရှင်း၊ ဖြေရှင်း ဘာဖြစ်လို့လဲ ဆိုတော့ ဒီကိစ္စက ရှည်ကြာနေပြီ ဖြစ်တဲ့အတွက် ကြောင့် ခုနပြဿနာတွေ စိန်ခေါ်မှုတွေ လုပ်တဲ့ အခါမှာအခက်အခဲတွေရှိနိုင်ပါတယ်။ ဒါပေမယ့် ကျမ ခုနပြောသလို တကယ်ပဲ စစ်မှန်တဲ့ စေတနာ နဲ့အားလုံး ဝိုင်းဝန်းပြီးတော့ ကြိုးပမ်းအား ထုတ် ကြမယ်ဆိုလို့ရှိရင် ဖြေရှင်းလို့ မပြီးဘူးဆိုတာ မရှိပါဘူး။ ဖြေရှင်းလို့ ရပါတယ်။
မေး။ ။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ဖို့ဆို တာကအပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ တကယ် အလုပ်ဖြစ်နိုင်ဖို့ နှစ်ဖက်စလုံးက ဘယ်လို အချက်တွေကို လိုက်နာသင့်လဲ။
ဖြေ။ ။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့က ခက် တယ်လို့ ကျမ မမြင်ပါဘူး။ အရမ်းလွယ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၂ မတိုင်ခင်က အားလုံးကငြိမ်းချမ်း စွာ အတူယှဉ်တွဲနေထိုင်နေတာပဲ။ ဒါတောင်မှ ခွဲခြမ်းမှု တွေရှိ နေခဲ့တာ တောင်မှ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်မှုတွေရှိနေခဲ့တာပဲ။ ပဋိပက္ခတွေ မဖြစ်ခင်တုန်းက တသက်လုံးရာနဲ့ချီ ထောင်နဲ့ ချီပြီးအတူရှိ နေခဲ့တာပဲ။ အတူတကွ ငြိမ်းချမ်းစွာ ရှိနေခဲ့တာ တရက်၊ နှစ်ရက် မဟုတ်ဘူးလေ။ ဆို တော့ နောက်ထပ် ငြိမ်းချမ်းစွာအတူတကွနေဖို့ မဖြစ်နိုင်ဘူးဆိုတာက မဟုတ်ပါဘူး။ ဖြစ်နိုင်ပါတယ်။ အဓိက လိုအပ် တာက အုပ်ချုပ်တဲ့လူ တန်းစား၊ အုပ်ချုပ်တဲ့အာဏာပိုင်တွေက အောက် ခြေမှာရှိနေတဲ့ မြို့နယ်၊ ခရိုင်၊ ကျေးရွာ၊ ရပ်ကွက်၊ ပြည်နယ်ကအစ အားလုံးကို အာဏာပိုင် တွေက သမာသမတ်ကျကျ တရားဥပဒေ စိုးမိုးမှု ကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်တယ်။
ကျောသား ရင်သားမခွဲခြားဘဲနဲ့ တရားဥပဒေ စိုးမိုးမှုကို တင်းတင်း ကျပ်ကျပ် ကိုင်တွယ်တယ်။ နောက် တခါ တရားရေးစနစ်ကို ပြုပြင်ပြောင်းလဲတယ်။ တရားရေးစနစ် မှာ ပွင့်လင်းမြင်သာမှုရှိပြီးတော့ သူ့လုပ်ထုံးလုပ်နည်း အတိုင်းအကုန်လုံးဖြစ် တယ်။ အားလုံးကမျှတတဲ့ တရားစီရင်မှုမျိုးကို ရတယ်။ နောက်ပြီးတော့ နှစ်ဖက် Community ကရောအစိုးရတာဝန်ရှိသူတွေ ကရောအကုန်လုံး ကတက်တက်ကြွကြွနဲ့ နှစ်ဖက်နားလည်မှု တည်ဆောက်နိုင်တဲ့ Program တွေ များများစားစား လုပ်ပေးတယ်။
အတူတကွ ပေါင်းလုပ်လို့ရတဲ့အလုပ်အကိုင် တွေ၊ သင်တန်းတွေ၊ ကျောင်းတွေ စသည့်ဖြင့် များ များစားစား လုပ်ပေးတယ်ဆိုလို့ရှိရင် ဒီလိုကိစ္စ မျိုးဟာငြိမ်းချမ်းစွာ အတူတကွနေထိုင်တဲ့ကိစ္စမျိုး ဟာသိပ်ပြီးတော့ မခက်ခဲပါဘူး။ တချို့သော တိုင်းပြည်တွေမှာလည်း ဒီလိုမျိုးအခက်အခဲတွေ ရှိပါတယ်။ ကြုံခဲ့တာမျိုးတွေရှိပါ တယ်။ ဒါပေမယ့် အားလုံးပဲ ဒီလိုမျိုး ကြိုးစားကြတယ် ဆိုလို့ရှိရင် ပြေလည်သွားကြတာပါပဲ။ အဓိက ကျမတို့ ကြိုး စားလိုတဲ့စိတ်တွေ ရှိဖို့ပဲလိုပါတယ်။