ထောင်မှလွတ်လာသည့် တက္ကသိုလ်ကျောင်းသားများ ကျောင်းပြန်တက်ခွင့် ငြင်းပယ်ခံရ
This article has been converted from Zawgyi One to Unicode
မန္တလေး အိုးဘိုအကျဉ်းထောင်မှ ယမန်နေ့နံနက်က လွတ်မြောက်လာသော ရတနာပုံတက္ကသိုလ် ကျောင်းသား သမဂ္ဂမှ ကိုအောင်ဆန်းဦး၊ ကိုဉာဏ်လင်းထက်၊ ကိုဂျစ်တူးတို့ ၃ဦးကို ရတနာပုံတက္ကသိုလ်က ကျောင်းပြန် တက်ခွင့်ငြင်းပယ်လိုက်သည်။
အဆိုပါ ကျောင်းသား ၃ဦး မှာ ထောင်မှလွတ်မြောက်ပြီးနောက် ယနေ့နံနက် ရတနာပုံတက္ကသိုလ်သို့ ကျောင်း ပြန်အပ်ရန် သွားရောက်ရာ ဒုတိယပါမောက္ခချုပ်က လက်ခံရန် ငြင်းပယ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ယနေ့ညနေ ၃ နာရီက မန္တလေးမြို့ 88 Cafe မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ပြောဆိုလိုက်သည်။
၎င်းတို့ကို ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်နေ့ကတည်းက ရတနာပုံတက္ကသိုလ်မှ ကျောင်းထုတ်လိုက်ခြင်းဖြစ်သော် လည်း နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲကြောင့် အများဝေဖန်ခံရမည်စိုး၍ ကျောင်းထုတ်သည့်စာကို အသိမပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုနိုင်ရဲဝေအပါအဝင် ကိုဉာဏ်လင်းထက်၊ ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူးတို့ ၄ဦးမှာ လက်ပံတန်းဖမ်းဆီးခံရသည့် ကျောင်းသားပြည်သူများ လွတ်မြောက်ရေး နှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး စာသားများကို ရတနာပုံတက္ကသိုလ် မုခ်ဦး အဝင်ဝတွင် ရေးဆွဲမှုဖြင့် ယခုနှစ် ဇူလိုင်လ ၁ရက်နေ့က ဖမ်းဆီးခံခဲ့ရ ပြီး အမရပူရမြို့နယ်တရားရုံးက ပုဒ်မ၁၈ ဖြင့် ၃လ၊ ပုဒ်မ၁၄၃ဖြင့် ၃လ၊ ပုဒ်မ၅၀၅(ခ)ဖြင့်၆လထောင်ဒဏ် အသီသီးချမှတ်ခံရသည်။
ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဌကိုနိင်ရဲဝေမှာမလွတ်မြောက်သေးဘဲ၂၀၁၆မှပြန် လည်လွတ်မြောက်မည်ဟုသိရသည်။
မင်းထက်ငြိမ်းချမ်း ပေးပို့သည်။