သတင်းတို

နှစ်သစ်ကူး၌ မူးယစ်သောက်စား ယာဉ်မောင်းနှင်မှု တင်းကျပ်စွာစစ်ဆေးမည်ဟု ထိုင်းအာဏာပိုင်တို့ ပြော

This article has been converted from Zawgyi One to Unicode

နှစ်သစ်ကူး၌ မူးယစ်သောက်စား ယာဉ်မောင်းနှင်မှု တင်းကျပ်စွာစစ်ဆေးမည်ထိုင်းအာဏာပိုင်တွေ အနေနဲ့ နှစ်သစ်ကူးပိတ်ရက်ရှည်တွင် ယာဉ်မတော်တဆဖြစ်မှုများမှ ကာကွယ်ရန် ဒီဇင်ဘာ၂၅ (ခရစ်မတ်စ်ရက်)မှ စတင်ကာ ဇန်နဝါရီ ၄ရက်နေ့အထိ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဆောင် ရွက်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

ထို့အတွက် နိုင်ငံတဝှန်း အဓိကကျတဲ့ လမ်းမကြီးတွေမှာ စစ်ဆေးရေးဂိတ်များကို ချထားကာ မူးယစ်သောက် စားပြီး ယာဉ်မောင်းများကို စစ်ဆေးအရေးယူသွားမှာဖြစ်တယ်လို့ အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကောင် စီ (NCPO) ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းထိုင်းဆူဗာရီ က ပြောပါတယ်။

ထိုင်းအာဏာပိုင်များအနေနဲ့ ယာဉ်တိုက်မှုအန္တရာယ်မှ ကာကွယ်ရန် ၊ မတော်တဆဖြစ်၍ သေဆုံးခြင်းများကို လျော့ချရန်နှင့်  ယာဉ်မောင်းများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးအတွက် ထိုင်းအာဏာပိုင်များ အနေနဲ့ ကူညီရခြင်းဖြစ်တယ်လို့ သူက ပြောပါတယ်။

မူးယစ်သောက်စားကာ မောင်းနှင်သူ မည်သူမဆိုကို တင်းကျပ်စွာ စစ်ဆေးသွားမှာဖြစ်ပြီး၊ သောက်စားထား သည်ကို တွေ့ရှိပါက ယာဉ်ကိုပါ ဖမ်းမည်ဖြစ်ကြောင်း၊ အများပြည်သူစီးနင်းသည့် ယာဉ်ကို မောင်းနှင်သူဖြစ်ပါက ယာဉ်မောင်းလိုင်စင်ကို သိမ်းဆည်းကာ မောင်းနှင်ခွင့်ရပ်ဆိုင်းမှာဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာကလည်း ယာဉ်မောင်းများအနေနဲ့ သောက်စားထားပါက ယာဉ်မောင်း နှင်ခြင်း မပြုဖို့ ပြောဆိုလိုက်သလို၊

စစ်တပ်အကြီးအကဲ  Theerachai Nakvanichကလည်း  စစ်သားများအနေဖြင့် သူတို့၏ စစ်တပ်အရှေ့တွင် စစ်ဆေးရေးဂိတ်များဖွင့်ရန် အမိန့်ပေးလိုက်ပါတယ်။

ထိုင်းနိုင်ငံတွင်  လွန်ခဲ့သည့် ၅နှစ်မှစကာ နှစ်သစ်ကူးကာလများ၌ ယာဉ်မတော်တဆဖြစ်မှုများကို ရေတွက်လျှင် ၁၅၉၇၃ မှု၊ ဒဏ်ရာရသူ ၁၆၉၁၆ ဦး၊သေဆုံးသူ ၁၇၆၈ ဦးရှိပြီး၊ အများစုမှာ မော်တော်ဆိုင်ကယ် စီးနင်းသူများဖြစ်သည်။

Loading