သမ္မတ ဦးသိန်းစိန်သည် တရုတ်ရင်းနှီးမြုပ်နှံမှု အုပ်စုတခုဖြစ်သည့် China International Trust and Investment Corporation (CITIC) စီတစ်အုပ်စု ဥက္ကဋ္ဌ မစ္စတ ချန်ဇန်မင်းနှင့် မနေ့က နေပြည်တော်၌ တွေ့ဆုံကာ နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်း များ အောင်မြင်စွာ အကောင် အထည်ဖော်ရေးနှင့် ရေကြောင်းပို့ဆောင်ရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ကြောင်း အစိုးရသတင်းတွင် ဖော်ပြထားသည်။
ထိုသို့ တွေ့ဆုံရာတွင် သမ္မတနှင့်အတူ ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏ မောင်လွင်၊ ဦးစိုးသိန်း၊ ဦးဇေယျာအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် မစ္စတာ ချန်ဇန်းမင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် ကြီး မစ္စတာ ဟုန်လျန်လည်း တက်ရောက်ကြောင်းသိရသည်။
စီတစ် (CITIC) အုပ်စုသည် တရုတ်နိုင်ငံပိုင် ရင်းနှီးမြုပ်နှံမှု အုပ်စုတခုဖြစ်ပြီး သူ၏ ကုမ္ပဏီခွဲများဖြစ်သည့် CITIC ဘဏ်၊ CITIC ဦးပိုင် လီမိတက်နှင့် ကုန်သွယ်ရေးလုပ်ငန်း များကို ဟောင်ကောင်၊ အမေရိကန်၊ ကနေဒါ၊ သြစတေးလျ၊ နယူးဇီလန်တို့တွင် ထားရှိသည်။