လိပ်ကျွန်း လူသတ်မှု၌ စွပ်စွဲခံထားရသည့် မြန်မာနိုင်ငံသား ဝင်းဇော်ထွန်းနှင့် ဇော်လင်းတိုကို ကော့စမွေတရားရုံးက အပြစ်ရှိကြောင်းဆုံးဖြတ်ကာ သေဒဏ် အမိန့်ချမှတ်လိုက်သည်။
ထိုပြစ်ဒဏ်နှင့်ပတ်သက်၍ လိုက်ပါဆောင်ရွက်နေသည ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက် ရေး ဖောင်ဒေးရှင်း (FED)အဖွ့ဲမှ့် ကိုမင်းဦးက “ဒီလိုအခြေအနကို မျှော်လင့်ပြီးသားပါ၊ အမှုကတော့ မပြီးသေးဘူး ကျနော်တို့ဘက်က ၇ ရက်အတွင်းအယူခံတင်မယ်”ဆိုသည်။
ယင်းအမှုကိုလိုက်ပါဆောင်ရွက်နေသူများကမူ တရားရုံးဆုံးဖြတ်ချက်မှာ မျှတမှုမရှိဟု ယူဆသည်။
၂၀၁၄ခုနှစ် စက်တင်ဘာ ၁၅ရက်နေ့က ထိုင်းပင်လယ်ကွေ့ရှိ လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသား ဒေးဗစ် မီလာနှင့် ဟန်နာဝစ်ထာရစ်ချ်တို့ ၂ဦး သတ်ဖြတ်ခံရသည့် အမှုနှင့် ပတ်သက်ပြီး မြန်မာရွေ့ပြောင်းအလုပ်သမား ၂ဦးဖြစ် သည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းကို စွပ်စွဲကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထိုအမှု၌ ထိုင်းရဲတပ်ဖွဲ့မှ တရားရုံးသို့ တင်သွင်းခဲ့သည့် သက်သေခံ DNA စစ်ဆေးချက်နှင့် ပတ်သက်၍ လူသတ်လက်နက်ဟု ရဲတပ်ဖွဲ့က ယုံကြည်ထားသည့် ပေါက်ပြားတွင် ရသည့် DNAနှင့် စွပ်စွဲခံ ၂ဦး၏ DNA မှာ မတူညီကြောင်း နာမည်ကျော် ထိုင်းမှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ အမျိုးသမီး ဒေါက်တာ ပွန်းထစ်ရိုကျနာစူလန်က ထွက်ဆိုခဲ့ပြီးဖြစ်သည့် အပြင် ရဲတပ်ဖွဲ့၏ မတရားနှိပ်စက်၍ ဝန်ခံရကြောင်း တရားခံဟု စွပ်စွဲခံရသူ ဝင်းဇော်ထွန်းနှင့် ဇော်လင်းက တရားရုံးတွင် ထွက်ဆိုခဲ့ပြီးဖြစ်သည်။