လိပ်ကျွန်းလူသတ်မှု၌ စွပ်စွဲခံ မြန်မာ ၂ဦးကို ထိုင်းနိုင်ငံ ကော့စမွေ ခရိုင်တရားရုံးက သေဒဏ်ချမှတ် လိုက်ခြင်းနှင့် ပတ်သက်၍ အမြန်ဆုံး အယူခံတင်သွင်းသွားမည်ဟု အမှုကိုလ ိုက်ပါဆောင်ရွက်နေသည့် ရှေ့နေကြီး ဦးအောင်မျိုးသန့်က ဧရာဝတီသို့ ပြောသည်။
“ကာလစည်းကမ်းသတ်မှတ်ချက်အရ ရိုးရိုး ထောင်ချတဲ့ အမှုဆိုရင် တလအတွင်းအယူခံဝင်ရမှာဖြစ်ပေမယ့် ဒီလို သေဒဏ်ချမှတ်ခံရတာကိုတော့ ၇ရက်အတွင်း အယူခံဝင်ပါမယ်” ဟု ဦးအောင်မျိုးသန့်ကဆိုသည်။
တရားရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မည်သို့မျှ မှတ်ချက်ပေးမပြောချင်သော်လည်း ဘန်ကောက်မြို့ရှိ တရားလွှတ်တော်ချုပ်သို့ ဤအမှုနှင့် ပတ်သက်၍ အယူခံတင်သွင်းကာ လျှောက်လဲသွားမည်ဟု သူကပြောသည်။