သတင်းတို

မြန်မာ့ပင်လယ်ပြင် ကာကွယ်ရေး လုပ်ဆောင်မည်ဟု ကာချုပ်ပြော

This article has been converted from Zawgyi One to Unicode

Navyဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကာကွယ်ရေး စနစ်ဆိုသည်မှာ တပ်မတော် (ကြည်း၊ရေ၊လေ) ပေါင်းစည်း ဆောင်ရွက်ရကြောင်း၊ ရေတပ်ဖွဲ့၏ ရေပြင်ကိုကာကွယ် နိုင်သည့် စွမ်းပကားများအား ဝေဟင်ကာကွယ်ရေး စွမ်းအားများနှင့် ပေါင်းစပ်အားဖြည့်ခြင်းဖြင့် မြန်မာ့ပင်လယ် ကာကွယ်နိုင်မှုကို စိတ်ချရသည့် အနေအထား ရောက်အောင် ကြိုးစားလုပ်ဆောင် သွားရမည်ဟု မနေ့က သံလျင်ရေတပ်စခန်းတွင် ပြုလုပ်သည့် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့တွင် ပြောကြားသည်။

ထို့နောက် ရေတပ် သင်္ဘောကျင်း ဌာနချုပ် အတွင်းရှိကမ်းလွန်ကင်း လှည့် ရေယာဉ်နှင့် ကော်ဗတ် စစ်ရေယာဉ် တည်ဆောက်နေမှု ရေယာဉ်များ လွန်းတင်ပြင်ဆင်မှု၊ ကိုယ်ထည် တပ်ဆင်တွဲဆက်သည့် အလုပ်ရုံတိုးချဲ့မှု နှင့် ရေယာဉ်ပုံစံငယ် စမ်းသပ်ကန် တည်ဆောက် နေမှု အခြေအနေများကိုလှည့်လည်ကြည့်ရှုသည်။

တပ်မတော်(ရေ)နှစ်ပတ်လည်နေ့တွင် စစ်ရေယာဉ်-ရန်တိုင်းအောင်မှ လည်း အမြောက် ၁၉ ချက် ပစ်ဖောက်၍ ဂုဏ်ပြုအလေးပြု ပြီး၊ဖရီးဂိတ် စစ်ရေယာဉ် – အမြန်သွား တိုက်ခိုက်ရေး ရေယာဉ်(ဒုံးပျံ) အမြန်သွား တိုက်ခိုက်ရေး ရေယာဉ်(အမြောက်) စုစုပေါင်း ၈ စီး တို့က Single Line Formation ပုံပြုမောင်းနှင်၍ ချီတက် အလေးပြုကြသည်။
ယင်းနောက် စစ်ရေယာဉ်များ ဖြစ်သော ကမ်းထိုးရေယာဉ်များ၊ ပင်လယ်သွား ဆေးရုံရေယာဉ်-သံလွင်နှင့် စစ်ရေယာဉ်-ဆင်ဖြူရှင်တို့ တပ်တော်ဝင်သည်။

Loading