သတင်းတို

မြန်မာလူငယ် ၂ ဦးကို ထိုင်းရဲအဖွဲ့ နှိပ်စက်မှု စုံစမ်းစစ်ဆေးဖို့ AI အဖွဲ့ တောင်းဆို

This article has been converted from Zawgyi One to Unicode

c1_805300_151224104315_620x413လိပ်ကျွန်းလူသတ်မှုတွင် စွပ်စွဲခံ မြန်မာလူငယ် ၂ဦးကို ထိုင်းရဲတပ်ဖွဲ့က ညှင်းပန်းနှိပ်စက်သည့်ဆိုသည့် စွပ်စွဲချက်များနှင့် ပတ်သက်၍ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့(AI) တောင်းဆိုလိုက်ပါတယ်။

AI အဖွဲ့မှ Champa Patel က “ထိုင်းရဲတွေရဲ့ နိုပ်စက်မှုဟာ စိတ်ပျက်စရာကောင်းလောက်အောင် ရာဇဝင်ရှိတယ်” လို့လည်း ဆိုတယ်လို့ BBC သတင်းမှာဖော်ပြထားပါတယ်။

မနေ့ကတော့ ကော့စမွေ ခရိုင်တရားရုံးက မြန်မာနိုင်ငံသား ဝင်းဇော်ထွန်းနဲ့ ဇော်လင်းကို ဗြိတိန်နိုင်ငံသား ၂ဦးဖြစ်တဲ့ ဒေးဗစ်မီလာနဲ့ ဟန်နာဝစ်ထာရစ်ချ်တို့ကို သတ်ဖြတ်တယ်ဆိုကာ သေဒဏ်ချလိုက်ပါတယ်။

ဒီအမှုမှာ ထိုင်းရဲတပ်ဖွဲ့မှ တရားရုံးသို့ တင်သွင်းခဲ့သည့် သက်သေခံ DNA စစ်ဆေးချက်နှင့် ပတ်သက်၍ လူသတ်လက်နက်ဟု ရဲတပ်ဖွဲ့က ယုံကြည်ထားသည့် ပေါက်ပြားတွင် ရသည့် DNAနှင့် စွပ်စွဲခံ ၂ဦး၏ DNA မှာ မတူညီကြောင်း နာမည်ကျော် ထိုင်းမှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ အမျိုးသမီး ဒေါက်တာ ပွန်းထစ်ရိုကျနာစူလန်က ထွက်ဆိုခဲ့တဲ့အပြင် ရဲတပ်ဖွဲ့၏ မတရားနှိပ်စက်၍ ဝန်ခံရကြောင်း တရားခံဟု စွပ်စွဲခံရသူ ဝင်းဇော်ထွန်းနှင့် ဇော်လင်းက တရားရုံးတွင် ထွက်ဆိုခဲ့ပါတယ်။

Loading