၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် နဝတ အစိုးရလက်ထက် သစ်တောရေးရာ ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဒု ဗိုလ်ချုပ်ကြီးဟောင်း ချစ်ဆွေ(အသက် ၈၃နှစ်)သည် ယနေ့နံနက် ၈နာရီ ၄၀ မိနစ်က ကွယ်လွန်သွားပြီဖြစ်သည်။
ဒု ဗိုလ်ချုပ်ကြီးဟောင်း ချစ်ဆွေသည် နဝတ အစိုးရလက်ထက် သစ်တောရေးရာဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန၊သမဝါယမဝန် ကြီးဌာနတို့ကို ကိုင်တွယ်ခဲ့သူဖြစ်သည်။
မော်လမြိုင်ဇာတိ ဦးချစ်ဆွေသည် ဗိုလ်သင်တန်းကျောင် (OTS)အပတ်စဉ် ၈ ကျောင်းဆင်းဖြစ်ပြီး၊ တပ်မတော်တွင် အဆင့်ဆင့်တာဝန်ထမ်းဆောင်ကာ ၁၉၉၇ခုနှစ် နိုဝင်ဘာလတွင် သစ်တောရေးရာဝန်ကြီးအဖြစ်မှ အနားယူက နောင်စစ်သည်အမည်ဖြင့် သေတစ်နေ့ မွေးတစ်နေ့ အပါအဝင် စာအုပ်များရေးသားနေသူဖြစ်သည်။
သစ်တောရေးရာ ဝန်ကြီးအဖြစ် တာဝန်ယူစဉ်က မြန်မာ့သစ်တောကဏ္ဍနှင့် ပတ်သက်၍ အားစိုက်လုပ်ဆောင်ခဲ့သူ တဦးဟု သစ်တောဝန်ထမ်းများအဆိုအရသိရသည်။