သတင်းတို

လိပ်ကျွန်းအမှု ဘုရားသုံးဆူ၌ ဒုတိယအကြိမ် ဆန္ဒပြ

This article has been converted from Zawgyi One to Unicode

လိပ်ကျွန်းအမှု ဘုရားသုံးဆူ၌ ဒုတိယအကြိမ် ဆန္ဒပြလိပ်ကျွန်းအမှုနှင့် ပတ်သက်၍ ထိုင်း- မြန်မာနယ်စပ် ဘုရားသုံးဆူ ဂိတ်တွင် ယနေ့ နံနက် ၇နာရီခန့်မှာ လူပေါင်း ၄၀၀ခန့် စုရုံးကာ ဆန္ဒပြသည်။ဆန္ဒပြသူများမှာ ထိုင်းတရားရုံး၏ စီရင်ချက်ကို ရှုံချသည့် စာတန်းများကိုင်ဆောင်ကာ ဆန္ဒပြခြင်းဖြစ်ပြီး၊ နှစ်ဘက်အာဏာပိုင်များက အနီးကပ်စောင့်ကြပ်မှုဖြင့် အေးချမ်းစွာပြီးဆုံးသွားသည်။ ၁၁နာရီ ၁၅မိနစ်ခန့်တွင် ဆန္ဒပြ သူ မြန်မာအဖွဲ့၏ ကိုယ်စားတဦးက တောင်းဆိုချက်ကို ထိုင်းအာဏာပိုင်များ ထံသို့ ပေးအပ်ခဲ့ပြီး၊ ဤအမှုနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ရန်နှင့် ၎င်းတို့ ၂ဦးကို လွတ်ပေးရန် တောင်းဆိုခဲ့ သည်။

ထိုင်းနိုင်ငံဘက်ခြမ်းရှိ စက်ရုံ ၃၀ခန့်တွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများ ၄ထောင်နီးပါး မြန်မာဘက်သို့ ပြန်လာပြီးနောက် ဆန္ဒပြခြင်းဖြစ်သည်။

Loading