သတင်းတို

ကျောက်မဲမြို့နယ်အတွင်း TNLA နှင့် RCSS တို့ တိုက် ပွဲ ဖြစ်

This article has been converted from Zawgyi One to Unicode

1380303_651511624892993_2051738987_nကျောက်မဲမြို့နယ် ပန်ဆန်ကျေးရွာတွင် ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA)နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)တို့ ယနေ့ နံနက် ၅နာရီက ထိတွေ့တိုက်ပွဲဖြစ်ပွား ကြောင်း သတင်းရသည်။ပန်ဆန်ကျေးရွာကုန်းတွင် အသင့်စောင့်ဆိုင်းနေသည့် TNLAက RCSSအဖွဲ့အား ခြုံခိုတိုက်ခိုက်ခြင်းခြင်းဖြစ် ကြောင်း ဒေသခံများ ပြောဆိုချက်အရသိရသည်။

တိုက်ပွဲမှာ နံနက် ၅နာရီတွင် တကြိမ်၊ နံနက် ၇နာရီတွင် တကြိမ် ၂ကြိမ်ဖြစ်ပွားခြင်းဖြစ်ပြီး၊  ကျောက်မဲ- မိုးကုတ်ကားလမ်းကို ပိတ်ဆို့ထားသဖြင့် သွားလာ၍ မရကြောင်းသိရသည်။

တိုက်ပွဲဆက်လက်ဖြစ်ပွားမည့် ပုံရှိပြီး နှစ်ဘက်အထိအခိုက် အကျအဆုံးကို မသိရသေးကြောင်းဒေသခံများက ဆိုသည်။

တင်မောင်သိန်း(ကျောက်မဲ)ေ ပးပို့သည်။

Loading