Ethnic Issues

ရှမ်းပြည်နယ် နမ့်ခမ်းဒေသခံတချို့ အကြမ်းဖက် ရိုက်နှက်ခံရ

This article has been converted from Zawgyi One to Unicode

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် စေကင်းကျေးရွာတွင် အစိုးရ တပ်မတော်နှင့် ပန်းဆေး ပြည်သူ့စစ်အဖွဲ့တို့က ဒေသခံ ရွာသား များကို အကြမ်းဖက် ရိုက်နှိက်ခြင်းနှင့် အတင်း အဓ္ဓမ ပစ္စည်းများသိမ်းယူခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ပလောင် (တအာင်း) အမျိုးသမီး အဖွဲ့အစည်းက သတင်း ထုတ်ပြန်လိုက်သည်။

ရက်စွဲမပါရှိသည့် ထုတ်ပြန်ချက်တွင် အစိုးရတပ်မတော်နှင့် ပန်းဆေး ပြည်သူ့စစ်တို့သည် ဒီဇင်ဘာလ ၂၃ ရက်နေ့က မူ ဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် စေကင်းကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ကျေးရွာသူ/ရွာသားများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ ကြိုးတုတ် ခြင်း၊ ခြိမ်းခြောက်၍ စစ်ဆေးမေးမြန်းခြင်း၊ အတင်းအဓ္ဓမ ပစ္စည်း လုယူခြင်းစသည့် အကြမ်းဖက်မှုများ ပြုလုပ်ခဲ့သည်ဟု ဖော်ပြထား သည်။
ပလောင် (တအာင်း) အမျိုးသမီး အဖွဲ့အစည်းမှ အထွေထွေ အတွင်းရေးမှူး လိုည်းပိုးညိူစ်းက“ဖြစ်စဉ်က ၂၃ရက်နေ့မှာ ရွာထဲဝင်လာပြီး အမျိုးသား သီးသန့်၊ အမျိုးသမီး သီးသန့် ဖမ်းဆီးပါတယ်။ အဓိက အမျိုးသားတွေကို နှိပ်စက်ခဲ့တယ်။ တပ်မတော်နဲ့ ပန်းဆေး ပြည်သူစစ်တွေ ရွာကို အကြောင်းပြချက်မရှိ ဝင်လာတယ်။ အာဏာကတော့ သူတို့လက်တွေထဲမှာ ရှိတယ်လေ။ ရွာအုပ်ချုပ်ရေးမှူးကလည်း တပ်မ ၈၈ ကို တိုင်ကြားထားပါတယ်။ ဒါပေမယ့် ဘာမှအကြောင်းပြန်ခြင်း မရှိပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။

နမ့်ခမ်းမြို့နယ် စေကင်းကျေးရွာသည် နမ့်ခမ်းမြို့နှင့် မိုင် ၂၀ ခန့်သာ ဝေးသော်လည်း ထိုနေရာသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲ သည့် နေရာတခု ဖြစ်ကြောင်း၊ ထို့ပြင် ၎င်းတို့က ဒေသခံများ၏ နေအိမ်များထဲသို့ ဝင်ရောက် ရှာဖွေကာ အိမ်တွင်းရှိ ပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း၊ ဆိုင်များတွင် ရောင်းချထားသည့် စားသောက်ကုန်များကိုလည်း ယူဆောင်သွားကြောင်း တအာင်း အမျိုးသမီး အဖွဲ့အစည်းက ပြောသည်။

“ကျနော်ရဲ့ညီ မင်္ဂလာဆောင် အပြန်မှာ ရွာထိပ်ရောက်တော့ ပြည်သူ့စစ်တွေရော ပြီးတော့ တပ်မတော်က စစ်ကြောင်း ၃၂၄ တပ်ရင်းမှူး အားလုံး အင်အား ၁၀၀လောက် ထိုင်နေတယ်။ ကျနော်တို့ ကားလာတော့ စက်ရပ်လိုက်လို့ ပြောတယ်။ ကျနော်ညီ မင်္ဂလာ ဆောင်ပြီး တော့ မူဆယ်ပြန်မှာပါလို့ ပြောတယ်။ နာမည်မေးတော့ ကျနော်နာမည် ပြောလိုက်တယ်။ ကျ နော်ကို လေသံမာတယ်ဆိုပြီး ပလောင် သူပုန် အားကိုးနဲ့ လေသံမာတယ်ဆိုပြီး ကျနော်ကို သေနတ်နဲ့ချိန်၊ တုတ်နဲ့ ရိုက်ပါတယ်။ သေနတ် ပြောင်းနဲ့လည်း ထုတယ်။ ထိုးတယ်” ဟု ရိုက်နှိက် စစ်ဆေးခံရသည့် စိုင်းမြအောင်က ဧရာဝတီသို့ ပြောသည်။

ထိုသို့ ရိုက်နှိက်ခံရသောကြောင့် နမ့်ခမ်းမြို့နယ် တပ်မ ၈၈ ဗျူဟာမှူးကို တိုင်ကြားခဲ့ကြောင်း၊ ထိုကဲ့သို့ ပြုလုပ်မှုကြောင့် ရွာသို့ မပြန်ရဲ သည့် အခြေအနေ ဖြစ်နေကြောင်း၊ ယင်းနေရာမှာ ပြည်သူ့စစ်များ စိုးမိုးသည့်နေရာ ဖြစ်ပြီး ပန်းဆေးပြည်သူ့စစ်သည် အဆိုးဆုံး ဖြစ် ကြောင်း စိုင်းမြအောင်က ပြောသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ဧရာဝတီက နမ့်ခမ်းမြို့နယ် အထောက်အကူပြု ကော်မတီနှင့် နမ့်ခမ်း ရဲစခန်းသို့ အတည်ပြုခဲ့သော်လည်း ဖြေကြားရန် ငြင်းဆန်သည်။

ပန်းဆေး ပြည်သူ့စစ် ခေါင်းဆောင် ပန်းဆေးကျော်မြင့်ဆိုသူမှာ လက်ရှိ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး ၎င်း၏ ပြည်သူ့ စစ် အင်အားမှာ ရာဂဏန်းအထိ ရှိကြောင်း၊ ၂၀၁၅ ခုနှစ် အတွင်းက ပန်းဆေး ပြည်သူ့စစ်သားများသည် နမ့်ခမ်းမြို့နယ်ရှိ ဒေသခံ ၃ ဦး ကို ပစ်သတ်ခဲ့ကြောင်း ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)က ပြောသည်။

ထိုဒေသသည် ပန်းဆေး ပြည်သူ့စစ်၊ မြို့မ ပြည်သူ့စစ်နှင့် ဝါလိုင်း ပြည်သူ့စစ်တို့ လှုပ်ရှားနေသည့် ဒေသများဖြစ်ပြီး ပန်းဆေး ပြည်သူ့စစ် သည် အင်အားအကြီးဆုံး အဖွဲ့ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Loading