သတင်းတို

ထိုင်းရောက် မြန်မာများ အန္တရာယ်ကင်းရေး ထိုင်းအစိုးရကို မြန်မာနိုင်ငံခြားရေးဝန်ကြီးပြော

This article has been converted from Zawgyi One to Unicode

ထိုင်းရောက် မြန်မာများ အန္တရာယ်ကင်းရေး ထိုင်းအစိုးရကို မြန်မာနိုင်ငံခြားရေးဝန်ကြီးပြောလိပ်ကျွန်းလူသတ်မှု သေဒဏ်ချမှတ်ခြင်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံ သားများပေါ်သို့ ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှု မရှိစေလိုပါကြောင်းနှင်‌့ မြန်မာနိုင်ငံ သားများ ဘေးအန္တရာယ် ကင်းရှင်းရေး ထိုင်းအစိုးရအနေဖြင့် ဦးစားပေးဆောင်ရွက် စေလိုပါကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် က မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E. Mr. Pisanu Suvanajata  မနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံရာတွင် ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံ သားနှစ်ဦးအား ပြစ်ဒဏ်ချမှတ်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံသားနှစ်ဦးအား ပြစ်ဒဏ်ချမှတ်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ထိုင်း နိုင်ငံ၏ တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့် အယူခံဝင်သွားမည် ဖြစ်ပြီး ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၊ ထိုင်းနိုင်ငံရှေ့နေများ ကောင်စီတို့နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ထိုင်းနိုင်ငံအစိုးရ၏ ပူးပေါင်း ပါဝင်မှုကိုပါ လိုလားပါကြောင်း၊ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်လည်း ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးကိုအခြေခံ၍ ယခုကိစ္စအပေါ် ဥပဒေနှင့် အညီ မျှမျှတတ ဖြစ်စေရေးအတွက် ဆက်လက်၍ ကူညီဆောင်ရွက်ပေးစေလိုကြောင်း ဦးဝဏ္ဏမောင်လွင်က ပြောဆိုကြောင်း အစိုးရသတင်းတွင် ဖော်ပြထားသည်။

Loading