အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ(NLD) ဒေါ်အောင်ဆန်းစုကြည်က အစိုးရသတင်းစာများသည် ဒီမိုကရေ စီစနစ် နှင့်မကိုက်ညီဘဲ ဒီမိုကရေစီနှင့်လေ ျှာ်ညီစေရန် အချိန်ယူလုပ်ဆောင်သွားမည်ဖြစ်ကြောင်း RFA မြန်မာပိုင်း သတင်း ဌာန၏ ဒီမိုကရေစီခရီးကြမ်းနှင့်ဒေါ်အောင်ဆန်းစုကြည် ရေဒီယိုအသံလွှင့်အစီအစဉ်တွင် ပြောဆို လိုက်သည်။
NLD အစိုးရလက်ထက်တွင် ဒီမိုကရေစီစနင်နှင့် လေ ျှာ်ညီစေရန် လုပ်ဆောင်မှသာလျှင် နိုင်ငံ အဆင်ပြေ မည် ဖြစ်ကြောင်း၊ သို့ရာတွင် နေ့ချင်း ညချင်း လုပ်ဆောင်၍ မရနိုင်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုသည်။
“အစိုးရပိုင် သတင်းစာတွေ ဘာတွေကတော့ ဒီမိုကရေစီနဲ့ မသင့်လျော်ဘူးလို့ ထင်တယ်၊ ဒါပေမယ့် ဒါဟာ အမတို့ နေ့ချင်းညချင်းမလုပ်ပါဘူး၊ သေချာတိုင်ပင်ပြီးတော့မှ လုပ်မှာပါ၊ ဒါပေမယ့် သိပ်ပြီးလည်း အချိန် မဆွဲချင် ဘူး။ ဒီမိုကရေစီ နည်းလမ်းကျအောင်လို့ အမြန်ဆုံးလုပ်မှပဲ ဒီနိုင်ငံဟာ အဆင်ချောသွားမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
အစိုးရ ရေဒီယိုနှင့်ရုပ်မြင်သံကြားဌာနများအနေဖြင့် လွတ်လွတ်လပ်လပ် အလုပ်လုပ်ခွင့်ပြုရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုသည်။
“ရေဒီယိုနဲ့ ရုပ်မြင်သံကြားဆိုရင် တကယ်တော့ အမေရိကားတို့ အင်္ဂလန်တို့မှာဆိုရင် နိုင်ငံက ထောက်ပံ့ထားတဲ့ ရုပ်မြင်သံကြားနဲ့ ရေဒီယိုတို့က ကြားတာပဲလေ။ ဥပမာ VOA တို့ BBC တို့လေ၊ သို့သော်များလည်း သူတို့ရဲ့ လွတ်လပ်မှုရှိတယ်၊ သူတို့ ဘာသာ အလုပ်လုပ်နိုင်တယ်။ အဲ့တော့ ထောက်ပံ့ထားတာမျိုးရှိရင်တောင် လွတ်လွတ် လပ်လပ် အလုပ်လုပ်နိုင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ထို့ပြင် ကချင်ပြည်နယ်ဖားကန့်ဒေသသို့ ယာဉ်ယန္တားကြီးများဖြင့် ကျောက်တူးနေကြခြင်းများကို အစိုးရက ထိရောက်စွာ အရေးမယူဘဲ စုံစမ်းရေးအဖွဲ့များ ဖွဲ့နေခြင်းမှာ မယောင်ရာဆီလူးနေခြင်းဖြစ်ကြောင်း၊ NLD လွှတ်တော်ကိုယ်စားလှယ်များရရှိမည့် နိုင်ငံရေးပင်စင်ကို လက်ခံမည်ဖြစ်သော်လည်း ယင်းငွေများအားလုံးကို နိုင်ငံတော်စီမံကိန်းအတွက် လှူဒါန်းမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
လိပ်ကျွန်းလူသတ်မှုမှ သေဒဏ်ချခံထားရသည့်မြန်မာ ၂ ဦးနှင့်ပတ်သက်၍ ပြောဆိုရာတွင် ဥပဒေအဆင့် ဆင့်အယူခံခွင့်ရှိ၍ ဥပဒေအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။