သတင်းတို
လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့ ဝက်ဘ်ဆိုဒ် တိုက်ခိုက်ခံရ
This article has been converted from Zawgyi One to Unicode
လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး ထိုင်းရဲတပ််ဖွဲရဲ့ သတင်းပြန်ကြားရေး ဝက်ဘ်ဆိုဒ်တွေကို ဟက်ကာတွေက မနေ့ညက တိုက်ခိုက်လိုက်ပါတယ်။
Blink Hacker အုပ်စုကနေ တိုက်ခိုက်ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ ဝက်ဘ်ဆိုဒ်အပေါ်မှာ မျက်နှာဖုံးစွပ်ထားတဲ့ ဟက်ကာပုံနဲ့အတူ “လိပ်ကျွန်းလူသတ်မှုမှာ တရားမျှတမှု ရရှိရေး တောင်းဆိုတဲ့ အမှာစကား ကို ရေးသားထား တယ်လို့ Bangkok Post သတင်းမှာ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ရက်နေ့က မြန်မာလူငယ် ၂ဦးဖြစ်တဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းကို လိပ်ကျွန်းလူသတ်မှုမှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ကာ သေဒဏ်ချမှတ်လိုက်ပါတယ်။