ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မြန်မာနိုင်ငံသားတဦးကို သတ်သည့် ထိုင်းလူငယ် ၇ ဦးကို မနေ့ကရဲ တပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။ သေဆုံးသူမှာ ရှမ်းတိုင်းရင်းသား စိုင်းအိုက်ဖဲဖြစ်ပြီး ဇန်နဝါရီလ ၂ ရက်က စိုင်းအိုက်ဖဲနှင့် သူ၏ ရည်စားတို့သည် တခြားသော သူငယ်ချင်း စုံတွဲနှင့် အတူ ဆောင်းရာသီ ဈေးပွဲတော်မှ အပြန် ထိုင်းလူငယ် တစုနှင့် အခြေအတင်စကားများ ခိုက်ရန်ဖြစ်ပွားရာမှ စိုင်းအိုက်ဖဲမှ ပွဲချင်းပြီး သေဆုံးခြင်းဖြစ်သည်။
“ကျမတို့ကို မီးပွိုင့်မှာ သူတို့က စသလို နှောက်သလိုလိုနဲ့ ရန်လာရှာတယ်။ ကျမတို့က မီးစိမ်းတော့ ဆိုင်ကယ် ကို တံတားအောက်ကနေ မောင်းပြန်တယ်။ သူတို့လည်း သူ့လမ်းသူ ပြန်ပြီလို့ထင်တာ သူတို့က ကုန်းတံတား ပေါ်ကနေ လိုက်တယ်။ တံတားထိပ်မှာလည်း သူတို့အဖွဲ့ စောင့်နေတယ်။ ၁၀ ယောက်လည်းရှိမယ်။ အဲဒါနဲ့ အစ်ကိုက ကျမတို့ မိန်ူကလေး ၂ ယောက်ကို ဆိုင်ကယ်မောင်း ပြန်ခိုင်းတာ။ သူ့အဖာ်နဲ့ သူပဲ ကျန်ခဲ့တယ် ဟု သေဆုံးသူ စိုင်းအိုက်ဖဲ ၏ ရည်းစားက ပြောသည်။
ယခုအခါတွင် ရဲစခန်းမှ ထိုင်းလူငယ် ၇ ဦးကို လူသတ်မှုဖြင့် ဖမ်းဆီးထားပြီး၊ သေဆုံးသူ စိုင်းအိုက်ဖဲထံမှ ရာဘားခေါ် မြင်းဆေးအလုံး ၁၃၀ တွေ့ရှိကြောင်း ထွက်ဆိုထားသည်။
သတ်ဖြတ်သူများမှာ ဆယ်ကျော်သက်လူငယ်များဖြစ်ပြီး အကြီးဆုံးမှာ ၂၂ နှစ်၊ အငယ်ဆုံးမှာ ၁၇ နှစ်ဖြစ်ပြီး၊ CCTV ကင်မရာမှတဆင့် ခြေရာခံမိခြင်းဖြစ်သည်ဟု Bangkok Post သတင်းတွင် ဖော်ပြထားသည်။