သတင်းတို

မြောက်ဦးမြို့နယ်သို့ စစ်ရှောင် ဒုက္ခသည် ၁၀၀ ကျော် လာရောက်ခိုလှုံ

This article has been converted from Zawgyi One to Unicode

ရခိုင် စစ်ရှောင် ဒုက္ခသည်များကို တွေ့ရစဉ် (ဓာတ်ပုံ - Myouk Oo News)
ရခိုင် စစ်ရှောင် ဒုက္ခသည်များကို တွေ့ရစဉ် (ဓာတ်ပုံ – Myouk Oo News)

ရက္ခိုင့် တပ်မတော် (AA)နှင့် မြန်မာ့ တပ်မတော်တို့ကြား ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အရှေ့မြောက်ဘက် ရမ်းချောင်းဖျားတွင်၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့မှစ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ယင်းနေရာအနီးရှိ ဒေသခံ ၁၀၀ ကျော်မှာ နေရပ်စွန့်ခွာ၍  မြောက်ဦး မြို့နယ် အတွင်းသို့ ရောက်ရှိလာကြောင်း သတင်းရရှိသည်။

ယင်းစစ်ရှောင် ဒုက္ခသည်များကို ကူညီပေးနေသည့် ဝံလက်ဖောင်ဒေးရှင်းမှ ဦးထွန်းသာစိန်က“သူတို့ နေတဲ့နေရာမှာ တိုက်ပွဲဖြစ်တော့ မနေရဲကြတော့ဘူး။ လုံခြုံမှု မရှိတော့တဲ့ အနေအထား ခံစားနေရတဲ့အတွက် လာကြတာလို့ ပြောတယ်။ သူတို့ရွာမှာ ရာသီအလိုက် စိုက်ပျိုးထားတဲ့ ယာခင်းတွေလည်း ကျန်ခဲ့တယ်လို့ ပြောတယ်။ အခုကတော့ ရွာသားတွေက ဆန်တွေလာပေးလို့ စားနေရတယ်။ စားနပ်ရိက္ခာတွေ အများကြီး လိုအပ်နေတယ် ဟု ဧရာဝတီသို့ ပြောသည်။

ခိုလှုံ ရောက်ရှိလာသည့် စစ်ရှောင်ဒုက္ခသည်များမှာ ကျောက်တော်မြို့နယ် ရမ်းချောင်း တောင်တန်းတွင်နေထိုင်သည့် သံတံတား ကျေး ရွာသား ၆၂ ဦးနှင့် ဘာဟီကျေးရွာသား ၆၆ ဦးတို့ ဖြစ်ကြောင်း၊ သံတံတား ကျေးရွာသား ၆၂ ဦးကို မြောက်ဦးမြို့နယ် ကျီရာပြင် ဘုန်း တော်ကြီးကျောင်းတွင် ထားရှိပြီး ဘာဟီကျေးရွာသား ၆၆ ဦးအား စေတီတောင် ကျေးရွာတွင် ကူညီစောင့်ရှောက်ပေးထားကြောင်း သိရသည်။

Loading