လိပ်ကျွန်းလူသတ်မှုနှင့် ဆက်နွယ်ပြီး ထိုင်းရဲတပ်ဖွဲ့ ဝက်ဘ်ဆိုဒ်များ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်တယ်လို့ Bangkok Post သတင်းကဆိုပါတယ်။
ထိုင်းရဲတပ်ဖွဲ့ ပြောခွင့်ရ Dechnarong Sutticharnbancha က အဆိုပါ တိုက်ခိုက်သူ ဟက်ကာ အုပ်စုတွေရဲ့ ကိုယ်စား လှယ်အုပ်စု ဟာ နိုင်ငံခြားမှာ နေထိုင်တဲ့ လူ့အခွင့်အရေးသမားတွေဖြစ်တယ်လို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။
“ကျနော်တို့ လက်ခံရရှိတဲ့သတင်းအရ ဟက်ကာတွေဟာ တခြားတိုင်းပြည်မှာ နေတဲ့ သူတွေဖြစ်တယ် သူတို့လုပ်ရပ်ဟာ ကျနော်တို့အတွက် အဆင်မပြေမှုဖြစ်ရုံပါပဲ၊ ဒု အချက်အလက်ခိုးယူခံရတဲ့အထိ ဒုက္ခ ရောက်လောက်အောင် သူတို့လုပ်လို့မရခဲ့ပါဘူး”လို့ သူက ပြောပါတယ်။
ဒါပေမယ့် Anonymous လို့ အမည်ပေးထားတဲ့ နိုင်ငံတကာ ဟက်ကာ အုပ်စုကတော့ ဝက်ဘ်ဆိုဒ် ၁၄ခုကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပြီး ထွင်းဖောက်ဝင်ရောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မနေ့က ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့၏ ဝက်ဘ်ဆိုဒ်အပါအဝင် အနည်းဆုံး ၅ ခုကို တိုက်ခိုက်ကာ အဖြူ အမဲဖြင့် “တရားဥပဒေစိုးမိုးမှု မရှိဘူး၊ ကျွနုပ်တို့ တရားမျှတမှုကို အလိုရှိတယ်” ရေးသားခဲ့သလို၊ ထိုင်းနိုင်ငံကို သပိတ်မှောက်ဖို့လည်း ရေးသားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ရက်နေ့က မြန်မာလူငယ် ၂ဦးဖြစ်တဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းကို လိပ်ကျွန်းလူသတ်မှုမှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ကာ သေဒဏ်ချမှတ်လိုက်ပြီးနောက် ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပြည်၊ ပုသိမ် စသည့်မြို့ကြီးများနှင့် တာချီလိတ်၊ ကော့သောင်း၊ မဲဆောက်တို့တွင်ဖြစ်ပွားခဲ့ပါတယ်၊ အဲဒီဆန္ဒပြမှုတွေကို ထိုင်းအစိုးရကတော့ သူတို့ရဲ့ ပြည်တွင်းနိုင်ငံရေးအုပ်စုတွေက နောက်ကွယ်ကနေ ကြိုးကိုင်နေတယ်လို့ ထင်ကြောင်း ပြောဆိုခဲ့ပါတယ်။