မြောက်ကိုရီးယားက ဟိုက်ဒရိုဂျင်ဗုံး ဒီကနေ့မနက် စမ်းသပ်ဖောက်ခွဲလိုက်ပြီး သည့်နောက် တောင်ကိုရီးယား နိုင်ငံကလည်း သူ့ရဲ့ လက်နက်ကိုင်တပ်များကို ဖြည့်တင်းကာ အသင့်အနေအထားထားရှိဖို့ တပ်လှန့်လိုက် ပါတယ်။တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး လင်မ်ဆောင်အမ်းကတော့ မြောက်ကိုရီးယားရဲ့ ဟိုက်ဒရိုဂျင်ဗုံးဖောက် ခွဲမှုကို ရှုံချလိုက်ပြီး၊ ဒါဟာ ရန်စမှုဖြစ်ပြီး ကုလသမဂ္ဂ လုံခြံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက် စိမ်ခေါ်တာဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
အစောပိုင်းကတော့ တောင်ကိုရီးယား မီဒီယာတွေက မြောက်ကိုရီးယားနိုင်ငံရဲ့ အရင်က နျူကလီးယား စမ်းသပ်ရာ နေရာနားမှာ ငလျင်တခုဖြစ်ပေါ်ခဲ့တယ်လို့ ဆိုသလို၊ ဆိုးလ် အစိုးရကလည်း နျူကလီးယား စမ်းသပ်မှုလို့ ပြောဆိုခဲ့ပေမယ့် နောက်ပိုင်းမှာ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲတာဖြစ်တယ်လို့ ဆိုပါတယ်။