ထိုင်းဝန်ကြီးချုပ် ပရာယွဒ်ချန်အိုချာရဲ့ ဆုံးဖြတ်ချက်ကြောင့် နှစ်ထပ်ဘတ်စ်ကားတွေကို တင်သွင်းခွင့် ရပ်ဆိုင်း လိုက်ပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒီ နှစ်ထပ် ဘတ်စ်ကားကြီးတွေဟာ မတော်တဆဖြစ်ပွားမှုများပြားကာ ခရီးသည်အသေအပျောက်လည်း များပြားတဲ့အတွက် တင်သွင်းခွင့်ရပ်ဆိုင်းတာလို့ ဆိုပါတယ်။
လက်ရှိ ထိုင်းနိုင်ငံမှာ ရှိနေတဲ့ နှစ်ထပ်ဘတ်စ်ကား ၄၈၀၀ကျော်ကိုလည်း မောင်းနှင်းရာမှာ လုံခြုံစိတ်ချ ဘေးကင်းဖု့ိအတွက် ထပ်မံစစ်ဆေးသွားမယ်လို့သိရပါတယ်။
နောက်ပိုင်းမှာတော့ လူအသေအပျောက်များပြီး ထိခိုက်မှုတွေများတဲ့ ၂ ထပ်ကားတွေကို အနှေးနဲ့ အမြန် ရပ်ဆိုင်းသွားမယ်လို့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြောဆို ခဲ့ပါတယ်။