အမေရိကန်နိုင်ငံမှာ သေနတ်ရောင်းချခွင့်လိုင်စင်ကို စည်းကမ်းတွေ တိုးချဲ့သတ်မှတ်ဖို့ သမ္မတ အိုဘားမားက သမ္မတရဲ့ executive power ဒီဂရီအရ အမြင့်ဆုံး ပါဝါအာဏာကို အသုံးချပြီး ကန့်သတ်ဖို့ ကြိုးစားခဲ့ပြီ ဖြစ်ပါတယ်။
လက်နက်ကြောင့် ပစ်ခတ်ခံရပြီး အသတ်ခံရကာ သေဆုံးခံရတဲ့ ကလေးတွေ ရဲ့အကြောင်းကို ကြားရတိုင်း ရင်နင့် အောင်ခံစားရကြောင်း ပြောကြားတဲ့ သူ့ရဲ့မိန့်ခွန်းမှာ အမေရိကန်သမ္မတဟာ မျက်ရည်ကို သုတ်ပြီး ပရိသတ်ကို စကားပြောခဲ့တာ တွေ့ရပါတယ်။
အဓိက ထုတ်ပြန်ခဲ့တဲ့ စည်းကမ်းချက်ကတော့ လက်နက် ခဲယမ်း မီးကျောက်တွေကို ရောင်းဝယ်သူတွေဟာ ဘယ်သူတွေ ဖြစ်သင့်သလဲဆိုတဲ့ အချက်နဲ့ ရောင်းချခွင့် လိုင်စင်ထုတ်ပေးတာကို ကန့်သတ်ဖို့ အကြံပြုချက်အပြင် လက်နက်ဝယ်ယူသူတွေရဲ့ နောက်ခံကိုယ်ရေးရာဇဝင်ကို စစ်ဆေးဖို့ ဆိုတာတွေလည်း ပါဝင်ပါတယ်။
လက်နက်ခဲယမ်း မီးကျောက်တွေကို ဝယ်ယူခွင့်ဟာ အမေရိကန်မှာ တရားဝင် ရှိတာဖြစ်ပြီး ဒီလက်နက်တွေ ကြောင့်ပဲ နှစ်စဉ်ပစ်ခတ်သေးဆုံးမှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Gun Violence လို့ခေါ်တဲ့ သေနတ်နဲ့ ပစ်ခတ်အကြမ်းဖက်မှုဟာ အမေရိကန် နိုင်ငံမှာ နှစ်စဉ် ရာခိုင်နှုန်း တိုးပြီး ဖြစ်ပွားနေတာ ဖြစ်ပါတယ်။