ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ထိုင်းလူငယ် ၇ ဦးနဲ့ ရန်ဖြစ်ရင်း သေဆုံးသွားတဲ့ မြန်မာ နိုင်ငံသား စိုင်းဆန်းဦး (ခ) စိုင်းအိုက်ဖဲ အသတ်ခံရမှုနှင့် ပတ်သက်ပြီး သေသူ၏ မိဘများမလာရောက်နိုင်တဲ့ အတွက် အမှုကို ဆက်လက် ဆောင်ရွက်နိုင်ခြင်းမရှိပဲ ရပ်ဆိုင်းထားကြောင်း ထိုင်းရဲတပ်ဖွဲ့မှ လာရောက်အကြောင်းကြား ကြောင်းသိရပါတယ်။
“မနေ့က ဝပ်ဆိုင်းမွန်း မြန်မာဘုန်းကြီးကျောင်းကို ထိုင်းရဲ ၂ ယောက်လာပြီး၊ စိုင်းအိုက်ဖဲရဲ့ အမျိုးတွေ ရောက် လာတယ်ကြားလို့ လာကြည့်တာ၊ အမှုကို ရှေ့ဆက် ရင်ဆိုင်ဖို့ မိဘ ဒါမှမဟုတ် မောင်နှမ သွေးရင်းတွေ ကိုယ်တိုင်လာမှရမယ်၊ မလာရင်တော့ မဖြစ်ဘူး၊ သူ့ရဲ့ ရည်းစားကောင်မလေးကလည်း တရားဝင်ယူထားတာ မဟုတ်တော့ မရဘူးလို့ ပြောပြီး ပြန်သွားတယ်” လို့ သေဆုံးသူ စိုင်းအိုက်ဖဲရဲ့ သူငယ်ချင်း စိုင်းသားက ဧရာဝတီကို ပြောပါတယ်။
သေဆုံးသူရဲ့ မိဘတွေဟာ ရှမ်းပြည်နယ်တောင်းပိုင်း လင်းခေးမြို့မှာ နေထိုင်ကြပြီး ချင်းမိုင်မြို့ကို လာရောက် မယ့် စားရိတ်မတတ်နိုင်လို့ သားဖြစ်သူ၏ အမှုအတွက် မလာနိုင်ခြင်း ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါ တယ်။
သေဆုံးသူ စိုင်းအိုက်ဖဲဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် လာရောက်အလုပ်လုပ်ကိုင်နေသည်မှာ ၅ နှစ်ဝန်းကျင်ရှိ ပြီ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ စနေနေ့က ရည်စားဖြစ်သူနဲ့အတူ ဆောင်းရာသီ ဈေးပွဲတော် အပြန်မှာ ထိုင်းလူငယ်များနဲ့ စကားများ ရန်ဖြစ်ရာက သတ်ဖြတ်မှုကို ခံတာပါ။
ထိုင်းရဲ ရဲ့ စစ်ဆေးချက်အရ သေဆုံး စိုင်းအိုက်ဖဲရဲ့ အိပ်ကပ်အတွင်းမှာ မြင်းဆေးလို့ခေါ်တဲ့ ရာဘ စိတ်ကြွဆေး ပြား ၁၃၀ တွေ့ရှိတယ်လို့လည်း ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
အဲဒီအတွက် စိုင်းအိုက်ဖဲရဲ့ ရည်းစားဖြစ်သူကိုလည်း ထိုင်းရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးပြီး၊ သူမနေထိုင်ရာ အခန်း ကိုလည်း ဝင်ရောက်ရှာဖွေမှု ပြုလုပ်တယ်လို့ ရည်းစားဖြစ်သူ နန်းနွယ်ကဆိုပါတယ်။
“ရဲစခန်းမှာ ကျမကို နင့်ကောင်လေး မြင်းဆေး ရောင်းတာလာတဲ့။ ကျမက သူမြင်းဆေး သုံးတာရော ရောင်း တာရော တခါမှ မမြင်ခဲ့ဘူးရှင့်။ ဒါနဲ့ မသိဘူးလို့ ဖြေတယ်။ နင့်ကောင် အခန်းလိုက်ပြဆိုတော့ ကျမက အမေနဲ့ အတူ တူနေတာ။ သူက တနေရာ နေတာ၊ ကျမကို အမေ့အိမ်မှာပဲ လာတွေ့တယ်လို့ ပြောတော့လဲ ရဲက မဖြစ်နိုင်ဘူးတဲ့။ မရမက လိုက်မေး တယ်။ ကျမ မသိဘူးပဲ ဖြေတယ်။ သူသေတဲ့ အချိန် မြင်းဆေးတွေ့တယ် ဆိုတာလည်း မဖြစ်နိုင်ဘူး။ ဒါ သက်သက်မယ့် လုပ်ကြံသွားတာ ဘယ်သူမှ မြင်တာမဟုတ်ဘူး ” ဟု သေဆုံးသူ ရီးစားဖြစ်သူ နန်းနွယ်က ဧရာဝတီကို ပြောပါတယ်။
ငြိမ်းဇော် သတင်းပေးပို့ပါသည်။