သတင်းတို

ထိုင်ဝမ်က မြန်မာအလုပ်သမားများ ခေါ်ရန် စီစဉ်နေ

This article has been converted from Zawgyi One to Unicode

ထိုင်ဝမ်က မြန်မာအလုပ်သမားများ ခေါ်ရန် စီစဉ်နေထိုင်ဝမ်အစိုးရက မြန်မာအလုပ်သမားများကို ခေါ်ယူရန် စီစဉ်နေကြောင်း ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လင်း၏ ပြောဆိုချက်ကို ကိုးကား၍  ဒေသတွင်းသတင်းများတွင်ဖော်ပြထားပါတယ်။

ထိုင်ဝမ် အီလက်ထရွန်နစ် ကုမ္ပဏီများအတွက် မြန်မာကျွမ်းကျင်လုပ်သားများ ငှားရမ်းဖို့အတွက် ခွင့်ပြုမှာဖြစ်ပြီး၊အလုပ်သမားခေါ်ယူရေးအတွက် တိကျတဲ့ စည်းမျဉ်းမူကြမ်းတွေ အလုပ်သမား ဝန်ကြီးဌာနက ဆွဲလိမ့်မယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

မြန်မာအစိုးရအနေနဲ့ ထိုင်ဝမ်ကို အလုပ်သမားစေလွှတ်ဖို့ လိုလားသလို ထိုင်ဝမ်အနေနဲ့လည်း စွမ်းရည်ရှိတဲ့ အလုပ်သမားတွေ၊ ယဉ်ကျေးတဲ့ အလုပ်သမားတွေ ထိုင်ဝမ်အတွက်လိုအပ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောပါတယ်။

ထိုင်ဝမ်မှာ အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်က ငှားရမ်းတာဖြစ်ပြီး အိမ်ဖော်ကိုတော့ အင်ဒိုနီးရှားတွေလုပ်ကိုင်ပါတယ်။

ထိုင်ဝမ်အစိုးရဟာ အရှေ့တောင်အာရှနိုင်ငံများနဲ့ ဆက်ဆံလာရာမှာ အင်ဒိုနီးရှားမှာလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာက ဆက်သွယ်ရေးရုံးဖွင့်ခဲ့သလို၊ မြန်မာနဲ့လည်း ပြီးခဲ့တဲ့နှစ်ဇွန်မှာ ကုန်သွယ်ရေးရုံး အပြန်အလှန်ဖွင့်လှစ်ခဲ့ပါတယ်။ထိုင်ဝမ်က မြန်မာအလုပ်သမားများ ခေါ်ရန် စီစဉ်နေ

Loading