လိုဏ်ခေါင်းတူး ထောင်ဖောက်ပြေးတဲ့ မက္ကဆီကို မူးယစ်ရာဇာ အယ်လ်ချာပို ကို ပြန်ဖမ်းမိပြီ
This article has been converted from Zawgyi One to Unicode
လွန်ခဲ့တဲ့ ၇လက လျို့ဝှက် မြေအောက်လိုဏ်ခေါင်းကနေ ထောင်ဖောက်ပြေးတဲ့ မက္ကဆီကို မူးယစ်ရာဇာ အယ်လ်ချာပို ဂုဇ်မန်း ကို ပြန်လည်ဖမ်းမိပြီဖြစ်တယ်လို့ မက္ကဆီကိုသမ္မတက သူရဲ့ လူမှုကွန်ရက် Twitter ကနေပြီးတော့ ရေးသားပြောဆိုလိုက်ပါတယ်။
မက္ကဆီကို သတင်းစာ El Universal အဆိုအရတော့ အယ်လ်ချာပိုကို မက္ကဆီကို ရေတပ်က စစ်ဆင်ရေး တရပ်ဆင်နွဲပြီး ဖမ်းဆီခဲ့တာလို့သိရပါတယ်။ မက္ကဆီကို ရေတပ်က သတင်းအရ Los Mochis မြို့က အိမ်တအိမ်ကို အာရုဏ်မတက်ခင် ဝင်ရောက် စီးနင်းကာ ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စီးနင်းစဉ်မှာ သံသယရှိသူ ၅ဦး သေဆုံးကာ ၆ဦးကို ဖမ်းဆီးလိုက်ပါတယ်၊။
မူးယစ်ဆေးဝါးနိမ်နင်းရေး အရာရှိဟောင်း Michael Braunရဲ့ ပြောဆိုချက်ရ အာဏာပိုင်တွေဟာ အယ်လ်ချာပိုကို မက္ကစီကို စီးတီးက ထောင်ကိုချက်ခြင်းပြောင်းရွေ့ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
မက္ကဆီကို မူးယစ်ရာဇာ အယ်လ်ချာပိုဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ၁ကီလိုမီတာခွဲရှည်တဲ့ မြေအောက်လိုဏ် ခေါင်းတူးက ထွက်ပြေးခဲ့တာပါ။ အယ်လ်ချာပိုဟာ ပထမအကြိမ် ဂွာတီမာလာမှာ ဖမ်းမိပြီး မက္ကဆီကို အကျဉ်းထောင်တခုမှာထားရင် ထောင်ဖောက်ပြေးခဲ့ဖူးပါတယ်။