Human Rights

သီလဝါစီမံကိန်းနောက်ကွယ်မှ ဖရိုဖရဲ ဘဝများ

This article has been converted from Zawgyi One to Unicode

မြန်မာ-ဂျပန် နှစ်နိုင်ငံ ဖက်စပ်အကောင်အထည်ဖော်လျက်ရှိတဲ့ သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း ဧရိယာ အတွင်း မူလနေထိုင်သူတွေနဲ့  စီမံကိန်းကို အကောင်အထည်ဖော်နေတဲ့ တာဝန်ရှိသူတွေအကြား မြေယာ လျော်ကြေး၊ ရွေ့ပြောင်းနေရာ ချထားမှုတွေ နဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေရှိနေဆဲ ဖြစ်ပြီး မြေသိမ်းခံ ဒေသခံတွေရဲ့ဘ၀ က မသေချာမရေရာနဲ့ အခက်အခဲများစွာ ကြုံတွေ့ရုန်းကန်နေရပါတယ်။

အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သီလဝါ အထူးစီးပွားရေးဇုန်စီမံကိန်းသည် စုစုပေါင်း စီမံကိန်း ဧရိယာ ဟက်တာ ၂၄၀၀ ရှိပြီး ပထမအဆင့်အနေဖြင့် ဟက်တာ ၄၀၀  ကို ၂၀၁၅ ခုနှစ် အတွင်းတွင် ဖွင့်လှစ်ခဲ့သည့်။ သီလဝါစီမံကိန်း၏ ပထမအဆင့် အကောင်အထည်ဖော်ရန် ၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင် အိမ်ထောင်စု ၆၈ စုကို ပြောင်းရွှေ့ စေခဲ့ပါတယ်။

စီမံကိန်းကြောင့် ရွှေ့ပြောင်းပေးခဲ့ရမိသားစုတွေ ပြန်လည် အစားထိုးရရှိတဲ့နေရာကတော့ သန်လျင်-ကျောက်တန်းကား လမ်းဘေး မြိုင်သာယာကျေးရွာ အနောက်ဘက် (ချောက်) အနိမ့်ပိုင်းနေရာက ၂၁ ဧကကျယ ်တဲ့ မြိုင်သာယာ ကွက်သစ်ဖြစ်ပါတယ်။ အဲဒီနေရာက မိုးရာသီမှာ ရေနစ်မြှုပ်လေ့ရှိတဲ့ နေရာဖြစ်ပြီး အိမ်တွေထဲကို မြေဖို့နေထိုင်နေရတဲ့ နေရာလည်းဖြစ်ပါတယ်။

သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်း ဒုတိယအဆင့် ဖြစ်တဲ့ ဟက်တာ ၇၀၀ အကောင်အထည်ဖော်ချိန်မှာလည်း ပြောင်းရွှေ့ရမယ့် မိသားစုတွေလည်း အဲဒီ မြိုင်သာယာ ကွက်သစ်ကိုပဲ ရွှေ့ပြောင်းရမှာဖြစ်ပါတယ်။

သီလဝါစီမံကိန်းကြောင့် ပြောင်းရွှေ့ရမယ့် ဒေသခံတွေအနေနဲ့  သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော် မတီက ချထားပေးမယ့်နေရာဖြစ်တဲ့ မြိုင်သာယာ ကွက်သစ်ကို ပြောင်းလိုခြင်းမရှိတဲ့အတွက် စီမံကိန်းနဲ့လွတ်တဲ့  တခြားတနေရာကို ပြန်လည် တောင်းဆိုနေကြပါတယ်။
မြိုင်သာယာကွက်သစ်ထဲမှာ သစ်ပင်၊ အရိပ်အကာမရှိဘဲ လွင်တီးခေါင်ပြင်ကြီးဖြစ်ပါတယ်။ အဲဒီနေရာမှာ ပြောင်းရွှေ့ ခံခဲ့ရတဲ့ ဒေသခံ နေထိုင်သူတွေဟာ ၂ နှစ်ကျော်ကြာတဲ့အထိ  ရေပြဿနာ ကို ကြုံတွေ့ခံစား နေပါတယ်။ စတင်ပြောင်းရွှေ့စဉ်က တူးဖော်ပေးခဲ့တဲ့  ရေတွင်းတချို့ဟာ သံကြေးတက်နေတဲ့ အဝါရောင် ရေသာထွက်ပြီး ကျန်တဲ့ရေတွင်းတွေက ရေတွေကလည်း ရွှံ့ ဗွက်နံ့ အနည်းငယ်နံနေပါသေးတယ်။

ရေပြဿနာ အထူးကြုံတွေ့နေရတဲ့အပြင် ဒေသခံတွေသောက်သုံးပြုနေရတဲ့ ရေတွေဟာ ဘက်တီးရီယား တွေပါဝင်နေတယ်လို့ သက်ဆိုင်ရာ အသိပေးထားကြောင်း ဒေသခံတွေက ဆိုပါတယ်။

ရွှေ့ပြောင်းခံ ဒေသခံတဦးဖြစ်တဲ့ ကိုကျော်နိုင်ဦးက “မဖြစ်မနေ သောက်နေရပေမယ့် ဒီရေတွေက သောက်သုံးရေ အဆင့် မဟုတ် ဘူး၊ တခြားသောက်စရာလည်း မရှိဘူး။ကျန်းမာရေးဝန်ကြီးဌာနကလည်း ဒီရေတွေထဲမှာ ဘက်တီးရီးယားပိုးမွှား တွေပါလို့ သောက်ဖို့မသင့်ဘူးလို့ ပြောထားတယ်”လို့  ဆိုပါတယ်။

လတ်တလော ရေပြဿနာကို ကိုယ်ပိုင်တွင်းတူးရှိတဲ့သူဆီက တစည်လျင် သုံးရာကျပ်နဲ့ ဝယ်ယူသုံးစွဲနေပြီး ရေကို အနည်ထိုင်အောင် ညသိပ်ထားကာ သောက်သုံးနေရတယ်လို့ ရွေ့ပြောင်းနေထိုင်ရသူတွေက ပြော ပါတယ်။

မြိုင်သာယာကွက်သစ် ထိပ်ဘက်မှာတော့ လေးလက္မရေပိုက်တခု တူးထားပေမယ့် ရေပေးဝေခြင်း မရှိသေး တာကို တွေ့ရပါ တယ်။။ ဒါဟာ သူတို့အနေနဲ့ နောက်ရွေ့လာမယ့်သူတွေရောက်မှ လုပ်ပေးမယ့် သဘော ရှိတယ်လို့ နေထိုင်သူ တွေက ပြောပါတယ်။

သီလဝါစီမံကိန်းကြောင့် ရွှေ့ပြောင်းခံတွေရဲ့ နေထိုင်မှုနဲ့ပတ်သက်လို့ အဆင်မပြေဘဲ အခက်အခဲကြုံတွေ့ နေရတဲ့အပြင် အလုပ်အကိုင်ရရှိဖို့လည်း ခက်ခဲလို့စားဝတ်နေရေး အခက်အခဲဖြစ်နေကြပါတယ်။ သူတို့ နေထိုင် စားသောက်လုပ်ကိုင်ခဲ့ကြတဲ့ နေရာမှာ စီမံကိန်းကြီးတွေပေါ်လာပြီး စည်ပင်တိုးတက်နေပေမယ့် သူတို့တွေရဲ့ ဘဝကတော့ လုပ်ကိုင်စားသောက်စရာပျောက်သွားပြီး စက်ရုံ၊ အလုပ်ရုံတွေရဲ့ အောက်ခြေသိမ်းအလုပ်တွေ ဝင်ရောက် လုပ်ကိုင်ရင်း အခြေမဲ့ အနေမဲ့ ဘ၀ ဆိုက်ရောက်နေရပါတယ်။

စစ်အစိုးရလက်ထက်မှာ သိမ်းယူခံခဲ့ရတဲ့ သူတို့ရဲ့ မြေယာတွေအတွက် ထိုက်သင့်တဲ့ လေ ျှာ်ကြေးငွေလည်း မရရှိခဲ့ကြဘဲ အခက်အခဲတွေသာ တပွေ့တပိုက်ကြီးရနေကြတာဖြစ်ပါတယ်။

သူတို့အနေနဲ့  ပညာအရည်အချင်းလိုအပ်ချက်တွေကြောင့် အများစုက စက်ရုံတွေမှာ လုံခြုံရေး၊ သန့်ရှင်းရေး စတဲ့အလုပ် တွေသာ ရရှိပါတယ်။  ဒါအတွက် လိုအပ်တဲ့ နည်းပညာပိုင်းပံ့ပိုးမှုတွေ အနေနဲ့တော့ တာဝန်ရှိသူ တွေက  သင်တန်းပို့ချမှုတွေ ပြုလုပ် ပေးတာ ရှိပါတယ်။ ဒီနေရာမှာ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ(JICA) လို အဖွဲ့  အစည်းတွေလည်း ပါပါတယ်။

JICA အနေနဲ့  ရွေ့ပြောင်းနေရာချထားပေးမှုအပေါ်  ဝင်ရောက်ဆောင်ရွက်ရာမှာ အစောပိုင်းလုပ်ဆောင်ချက်  တွေနဲ့ ပတ်သက်လို့ ၎င်းတို့ရဲ့ မူဝါဒတွေကို ကိုယ်တိုင်လိုက်နာခြင်းမရှိလို့ ဒေသခံတွေက ဂျပန်နိုင်ငံ တိုကျိုမြို့  မှာရှိတဲ့ ရုံးချုပ်အထိ ကန့်ကွက်တိုင်ကြားခဲ့ကြပါသေးတယ်။

အခု စီမံကိန်း ဒုတိယ အကောင်အထည်ဖော်တဲ့အခါမှာ  ထပ်မံပြောင်းရွေ့ရမယ့် အိမ်ထောင်စုတွေအဖြစ် စီမံကိန်းဟက်တာ ၂၀၀၀ အတွင်း အိမ်ထောင်စု ၉၉၅ စု နဲ့ စီမံကိန်း အပြင်မှာနေထိုင်ပြီး စီမံကိန်းဧရိယာ အတွင်း စိုက်ပျိုးရေးလုပ်ကိုင်တဲ့ အိမ်ထောင်စု ၉၃ စု ရှိတယ်လို့ သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ရဲ့ မူဘောင်(မူကြမ်း) မှာ ပါပါတယ်။

မူကြမ်းဖော်ပြချက်အရ စီမံကိန်းအတွင်း မြေအများစုဟာ ၁၈၉၄ခုနှစ် မြေသိမ်းဥပဒေနဲ့ ၁၉၉၆-၉၇ ခုနှစ်တွေမှာ အစိုးရကသိမ်းယူပြီး မြေတွေဖြစ်တဲ့အတွက် မြေယာလျော်ကြေးပေးအပ်ဖို့ ဟက်တာ ၂၀၀၀ အတွင်း စီမံကိန်း ဧရိယာ(၂) လယ်မြေအချို့သာ ကျန်ရှိတယ်လို့ ဆိုပါတယ်။

သီလဝါအထူးစီပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူးဖြစ်တဲ့ ဦးသန်းအောင်က “မြေအများစုက လျော်ကြေးပေးပြီးသားတွေ၊ ကျန်တာက ဧက ၇၆၀ လောက်ပဲရှိတယ်၊ သူတို့ကတော့ နိုင်ငံတကာစံနှုန်းတွေနဲ့ အညီရမှာပါ၊ အရင်ရပြီးသားသူတွေထပ်လိုချင်ရင်တော့ လွှတ်တော်မှာတင်ပြပြီး တောင်ယုံပဲရှိတော့တယ်” လို့ ဆိုပါတယ်။

သီလဝါဇုန်အတွင်းပါဝင်တဲ့ မြေအများစုကို သန်လျင်-ကျောက်တန်းစက်မှုဇုန် စီမံကိန်း အကောင်အထည်ဖော် ဖို့အတွက် ၁၉၉၆-၉၇ ခုနှစ်မှာ စစ်စိုးရက သိမ်းယူခဲ့တာဖြစ်ပြီး မြေယာလျော်ကြေးအနေနဲ့ တဧကလျင် နှစ်သောင်းကျပ်စီ ပေးလျော်ခဲ့ပါတယ်။

ဒီအတွက် အရင်ပြောင်းပေးရတဲ့သူတွေလိုပဲ နောက်ထပ်ပြောင်းရမယ့်သူ အများစုအနေနဲ့ မြေယာလျော်ကြေး မရရှိဘဲ ပြောင်းရွေ့နစ်နာကြေးနဲ့ သီးနှံလျော်ကြေးသာ ရမယ့်ပုံစံရှိပါတယ်။ ဒေသခံအများစုကတော့ မြေလျော် ကြေးမရပါက မရွေ့ပေးနိုင်ဘူးလို့ ဆိုကြပါတယ်။

ထပ်မံပြောင်းရွေ့ရမယ့်အထဲ ပါဝင်တဲ့ ဦးမြလှိုင်က “အဓိကပြဿနာက မြေလျော်ကြေးမပေးချင်တာပဲ၊အရင် ရွေ့တဲ့သူတွေလည်း မရခဲ့ဘူး၊ အခုမြေလျော်ကြေးပေးဖို့ တောင်းဆိုတာက အရင်မြေတွေသိမ်းခံရတုန်းက ဥပဒေနဲ့အညီ အသိမ်းခံရတာ မဟုတ်လို့ပါပဲ”လို့ သူတို့ရဲ့ သဘောထားကို ပြောပြပါတယ်။

အရင်စစ်အစိုးရလက်ထက်က မြေသိမ်းတာတွေနဲ့ ပတ်သက်လို့တော့ ပြဿနာတွေက အခုအစိုးရ လက်ထက် မှာ တနိုင်ငံလုံးဖြစ်နေတာပါ။ စီမံကိန်းလို့ပြောသိမ်းပြီး အကောင်အထည်မဖော်ဖြစ်တာတွေ၊ ဥပဒေနဲ့အညီ အဟုတ်ပဲ အတင်းအဓမ္မ သိမ်းယူတဲ့ဖြစ်စဉ်တွေ အများကြီးရှိခဲ့ပါတယ်။

နိုင်ငံတဝန်းဖြစ်ပွားခဲ့တဲ့ မြေယာသိမ်းဆည်းမှုတွေမှာ ဒေသခံတွေအနေနဲ့ မြေသိမ်းခံရလို့ မိမိမြေပြန်ရဖို့၊ ထိုက်တန်တဲ့ လေ ျှာ်ကြေးရဖို့ ကြိုးစားရင်း  ထောင်ချခံရတာတွေအပြင် နောက်ဆုံး ဒေသခံတွေကိုပါ သေဆုံး စေတဲ့ အဖြစ်တွေ လည်း ရှိပါတယ်။ နိုင်ငံတဝန်း မြေသိမ်းမှုတွေနဲ့ပတ်သက်လို့ နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်တို့ ကိုယ်တိုင်က  စီမံကိန်း တွေရဲက ပိုလ ျှံမြေတွေကို မူလပိုင်ရှင်တောင်သူတွေကို ပြန်လည်ပေးအပ်ဖို့ ညွန်ကြားတာတွေ လုပ်ခဲ့ပေမယ့် တောင်သူတွေဆီ အပြည့်အ၀ ပြန်မရောက်ပါဘူး။

ဒီ သန်လျင်-ကျောက်တန်း စက်မှုဇုန်စီမံကိန်းကလည်း  အကောင်အထည်မဖော်ဖြစ်ခဲ့ပါဘူး။ ၁၉၈၄ ခုနှစ် မြေသိမ်းအက်ဥပဒေ ပုဒ်မ ၄၈ ပြဌာန်းချက်မှာလည်း စီမံကိန်းအတွက် သိမ်းယူတဲ့မြေတွေဟာ စီမံကိန်း အကောင်အထည်ဖော်မှုမရှိလျင် မြေသိမ်းအမိန့်ကို ပျယ်ဖျက်ရမယ်လို့ ပြဌာန်းထားပါတယ်။ အရင်စစ်အစိုးရ လက်ထက် စီမံကိန်း အတွက် သိမ်းယူပြီး စီမံကိန်း အကောင်အထည်မဖော်ဖြစ်ခဲ့တဲ့ မြေယာတွေက ဒေသခံ တွေပိုင်တဲ့ မြေယာတွေဖြစ်ပါတယ်။  ဒါကြောင့် ဒေသခံတွေက ထိုက်သင့်တဲ့ မြေယာလေ ျှာ်ကြေးရဖို့ တောင်းဆို နေကြပါတယ်။
လက်ရှိ လျော်ကြေးပေးဖို့ ကျန်တဲ့သူတွေကတော့ ၁ ဧကကို ကျပ်သိန်း ၈၀၀ နှုန်း တောင်းထားပြီး ကျန်တဲ့သူ တွေကတော့ ၁ ဧကကို ကျပ်သိန်း ၅၀၀ နှုန်းခန့် တောင်းဆိုထားကြတယ်လို့ ဆိုပါတယ်။

သီလဝါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီက စီမံကိန်းဇုန် မြေကွက်တွေကို  ငှာရမ်းရောင်းချနေတဲ့ ဈေးနှုန်း တွေ အရတော့ နှစ် ၅၀ လုပ်ကိုင်ခွင့်အတွက် ၁ စတုရန်းမီတာလျင် အမေရိကန်ဒေါ်လာ ၇၀ နှုန်းခန့် ရှိနေတဲ့အတွက် လက်ရှိ ဒေါ်လာဈေးနဲ့တွက်ပါက  ၁ ဧက ဈေးနှုန်း ကျပ်သိန်းသုံးထောင်ကျော်မှာ ရှိနေပါတယ်။

သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းဟာ  မြန်မာဘက်က ၅၁ ရာခိုင်နှုန်းနဲ့ ဂျပန်ဘက်က ၄၉ ရာခိုင်နှုန်း ရင်းနှီးမြုပ်နှံမှု ပါဝင်ပါတယ်။ မြန်မာဘက်ကပါဝင်တဲ့ သီလဝါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီအနေနဲ့ အစုရှယ်ယာ ၂၁ ဒဿမ ၄၅ ဘီလျံဖိုးကို အများပြည်သူသို့ ရောင်းချခဲ့ပြီးဖြစ်ပါတယ်။

စီမံကိန်းပထမအဆင့် ဟက်တာ ၄၀၀ ဇုန်အတွင်းမှာတောာ့ နိုင်ငံပေါင်း ၁၃ နိုင်ငံမှ ကုမ္ပဏီ ၅၁ ခု ပါဝင်ရင်းနှီး မြုပ်ထားပြီး ယခုနှစ်ကုန်မှာ စက်ရုံ ငါးရုံ လုပ်ငန်းစတင်လည်ပတ်မှာ ဖြစ်ပါတယ်။

ရွေ့ပြောင်းနေရာချထားမှုဆိုင်ရာ လုပ်ငန်းစီမံချက်တွေနဲ့ ပတ်သက်လို့လဲ JICA အပါအဝင် တာဝန်ရှိသူတွေ အနေနဲ့ အပြည့်အ၀ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ခြင်းမရှိသေးပါဘူး။ JICA ရဲ့ မူအရ ရွေ့ပြောင်းသူ တွေရဲ့ ဝင်ငွေရလမ်းတွေအတွက် မူလအခြေအနေထက် မနိမ့်ကျအောင် ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မြေလျော်ကြေးရသူတွေအနေနဲ့ အဆင်ပြေမှုရှိနိုင်ပေမယ့် သီနှံလျော်ကြေးလောက်သာ ရသူတွေ ကတော့ မူလအခြေအနေကို ပြန်ရောက်ဖို့မလွယ်ပါဘူး။ ဒါတွေနဲ့ပတ်သက်လို့ အာမခံချက်ရှိတဲ့ မူဘောင်တွေကို  လုပ်ငန်းစီမံချက်ရေးဆွဲမှာ ထည့်သွင်းရေးဆွဲပေးဖို့ ဒေသခံတွေက တောင်းဆိုထားပါတယ်။

လက်ရှိမူအရ တာဝန်ရှိသူတွေအနေနဲ့  ရွေ့ပြောင်းခံဒေသခံတွေအပေါ် သတ်မှတ်နှစ်အထိပဲ ကူညီထောက်ပံ့ တာ ဖြစ်ပြီး ဘယ်နှနှစ် သတ်မှတ်မလဲဆိုတာတော့ JICA က ထုတ်ပြန်ပေးမယ်လို့  သီလဝါအထူးစီးပွားရေးဇုန်  စီမံခန့်ခွဲမှုကော်မတီက ဆိုပါတယ်။ အရင်ရွေ့ပြောင်းရသူတွေအတွက်တော့ သူတို့ရဲ့ကူညီမှုတွေမှာ လိုအပ်ချက် တွေ ရှိသေးတယ်လို့ ဒေသခံတွေကပြောပါတယ်။

စီမံကိန်းပထမအဆင့်မှာ မြိုင်သယာကွက်သစ်ကို ရွှေ့ပြောင်းခဲ့ရတဲ့ ဒေါ်သန်းအိကတော့ “နောက်လူတွေကို ဒီနေရာထပ်ရွေ့ပေးဖို့လုပ်နေတာက  မကောင်းပါဘူး၊  ကျမတို့တုန်းက ဘာမှမသိခဲ့လို့ ဒီနေရာမှာနေခဲ့ရတာပါ။ နောက်လူတွေအတွက် ကျမတို့က နမူနာပါပဲ” လို့ ညှိနှိုင်းဆောင်ရွက်နေတာတွေနဲ့ ပတ်သက်ပြီး သတိပေးပြော ကြားခဲ့ပါတယ်။

Loading