လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ ထိုင်းတရားရုံးနှင့် ထိုင်းအစိုးရ၏ ဝက်ဘ်ဆိုဒ်ပေါင်း ၃၀၀ နီးပါးကို ဟက်ကာများက ထပ်မံတိုက်ခိုက်လိုက်သည်။ ဟက်ကာ၏ လူမှုကွန်ရက်ဖြစ်သည့် We are Anonymous Facebook တွင် လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ ထိုင်းတရားရုံး၏ တရားစီရင်ရေးနှင့် ပတ်သက်၍ ထိုင်းတရားရေးဆိုင်ရာ ဝက်ဘ်ဆိုဒ်များကို တိုက်ခိုက်လိုက်သည်၊ ထို့အပြင် ထိုင်းနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကိုလည်း သပိတ်မှောက်ဖို့ ဆော်သြထားသည်။
အဆိုပါ ဟက်ကာအုပ်စုမှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့ ဝက်ဘ်ဆိုဒ်ကို တိုက်ခိုက်သည့် မြန်မာဟက်ကာအုပ်စုနှင့်အတူတူပင်ဖြစ်သည်ဟု ယုံကြည်ရကြောင်းလည်း ဘန်ကောက်ပိုစ် သတင်းတွင် ရေးသားထားသည်။