ပါရှန်ပင်လယ်ကွေ့၌ မနေ့ပျောက်ဆုံးနေသည်ဆိုသော အမေရိကန် ရေတပ်မှ သင်္ဘောသား ၁၀ဦးမှာ ၎င်းတို့၏ ရေပြင်ပိုင်နက်ထဲသို့ ဝင်ရောက်လာသည့်အတွက် ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်သည်ဟု အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။အဆိုပါ ရေတပ်သား ၁၀ဦးဟာ အီရန်ရေပြင်ပိုင်နက်ထဲကို ရေယာဉ်ငယ် ၂စီးနဲ့ မတော်တဆ ဝင်ရောက်ခဲ့ခြင်းပြီး နောက်ပိုင်းမှာ ဝါရှင်တန်အစိုးရ၏ တောင်းပန်မှုကြောင် ပြန်လည်လွှတ်ပေးလိုက်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖောြ်ပထားပါတယ်။ ဒီအရေးနဲ့ ပတ်သက်ပြီး အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ ဆွေးနွေး ခဲ့ပြီး အမေရိကန်အစိုး ရက ဒီလိုမတော်တဆမှုမျိုး နောင်မဖြစ်ပွားဖို့ ကတိပြုတဲ့အတွက် လွှတ်ပေးလိုက်တာဖြစ်တယ်လို့ ထပ်ပြောပါတယ်။ ဒီရေတပ်သင်္ဘောငယ် ၂စီးဟာ ဘာရိန်းကို အသွားမှာ အီရန်ရေပြင်ပိုင်နက်ထဲ ဝင်ရောက်ခဲ့ တဲ့အတွက် အဖမ်းခံရတာဖြစ်တယ်လို့ သိရပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။