နှစ်နိုင်ငံနယ်စပ်စစ်မဲ့ဇုန်အတွင်းဝင်ရောက်လာသည့် မြောက်ကိုရီးယား မောင်းသူမဲ့ လေယာဉ်ကို တောင်ကိုရီး ယားက သတိပေးပစ်ခတ်မှု ပြုလုပ်လိုက်တယ်လို့ တောင်ကိုရီးယား သတင်းဌာန ယွန်ဟပ် က ပြောလိုက်ရ ပြီးသတိပေးခြောက်လှန်ပစ်ခဲ့အတွက် မြောက်ကိုရီးယား မောင်းသူမဲ့ လေယာဉ်ဟာ ပြန်လှည့်သွားတယ် လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြောက်ကိုရီးယားက ဟိုက်ဒရိုဂျင်ဗုံးဖောက်ခွဲတဲ့အတွက် တောင်ကိုရီးယားကက တုံ့ပြန်တဲ့အနေနဲ့ နယ်စပ်ဖြတ်ကျော် ဝါဒဖြန့်ချိရေး အသံလွှင့်မှု ပြန်လည်ပြုလုပ်ခဲ့ပြီးနောက် နှစ်နိုင်ငံအကြား တင်းမာမှု တွေပြန်ဖြစ်လာမလား စိုးရိမ်နေချိန်မှာ အခုလို ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
တောင်ကိုရီးယားရဲ့ ဝါဒဖြန့်အသံထုတ်လွှင့်မှုတွေကြောင့် ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်းက ပစ်ခတ်မှုများ ဖြစ်ပွားပြီး စစ်ရေးတင်းမာမှုများ ဖြစ်ခဲ့ပါတယ်။