သတင်းတို
အင်ဒိုနီးရှားမြို့တော် ဂျာကာတာမှာ ဗုံးများဆက်တိုက် ပေါက်ကွဲ
This article has been converted from Zawgyi One to Unicode

အင်ဒိုနီးရှား မြို့တော် ဂျာကာတာမြို့ Sarinah ကုန်တိုက်ရှေ့တွင် ယနေ့နံနက် ၁၀နာရီ ၅၀မိနစ်ခန့်က ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားရာ လူအများအပြား ဒဏ်ရ ရရှိခဲ့တယ်လို့ ဂျာကာတာ ရဲတပ်ဖွဲ့က လူမှုကွန်ရက် Twitter မှာ ရေးသားထားပါတယ်။ ပေါက်ကွဲမှုတခုဟာ မြို့လည်မှာရှိတဲ့ ကုလသမဂ္ဂ အဆောက် အဦးအပြင်ဘက်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ကားတွေလည်း ပိတ်သွားတယ်လို့ ဆိုပါတယ်။ အသေခံဗုံးခွဲသူလို့ ထင်ရတဲ့သူ တဦးဟာ မိမိတည်းခိုရာ ဟိုတယ်ရှေ့မှာ ဖောက်ခွဲခဲ့ပြီး ယခုအခါမှာ သေနတ်သံတွေကြားရတယ် လို့ လူတဦးကလည်း Twitter မှာရေးသားထားပါတယ်။
လက်တလော လူ၃ဦးသေဆုံးသည်ဟု Bangkok Post ကရေးပါတယ်။