• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Environment

“အင်အားပြင်း ငလျင်တခု ဆယ်စုနှစ်အတွင်း လှုပ်နိုင်တယ်”

by ဧရာဝတီ
14 January 2016
in Environment
A A
ဦးသူရအောင်, ငလျင်, စစ်ကိုင်း ပြတ်ရွေ့ , မြန်မာနိုင်ငံ မြေငလျင် ကော်မတီ အတွင်းရေးမှူး

မြန်မာနိုင်ငံ မြေငလျင် ကော်မတီ အတွင်းရေးမှူး ဦးသူရအောင် (ဓာတ်ပုံ-သူဇာ / ဧရာဝတီ)

41.4k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့တောင်ဘက် ကမ်းခြေတဝိုက်ကို အခြေပြု၍ ဇန်နဝါရီ၁၂ရက် ည ၉း၃၀ ခန့်တွင် ပမာဏ ၄ ဒသမ ၈ရှိ ငလျင်ငယ် လှုပ် ခတ်ခဲ့ပြီး နောက်ဆက်တွဲ ငလျင်ငယ် (၃) ကြိမ် လှုပ်ခတ်ခဲ့သည်။ ယင်းသို့ ငလျင် ဆက်တိုက် လှုပ်ခတ်မှုကြောင့် ရန်ကုန်မြို့နှင့် အနီးတဝိုက်တွင် သိသိသာသာ အများပြည်သူ သတိထား ခဲ့မိကြသော်လည်း ထိခိုက်ပျက်စီးမှု တစုံတရာ မရှိခဲ့ပေ ။ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အထပ်မြင့်တိုက်တာ အဆောက်အအုံများစွာ မြန်မာနိုင်ငံမြို့ကြီးများတွင် ပေါ်ထွန်းလျက်ရှိရာ ငလျင်ကြီးကြီးမားမား လှုပ်ခတ်လျှင် ပျက်စီးမှုများ ဆက်တိုက် ကြုံတွေ့ရဖွယ်ရှိနေရာ မြန်မာနိုင်ငံ မြေငလျင် ကော်မတီ အတွင်းရေးမှူး ဦးသူရအောင်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် သူဇာက တွေ့ဆုံ မေးမြန်းထားသည်။

မေး ။ ။ ဆက်တိုက် ဆိုသလို လှုပ်ခတ်ခဲ့တဲ့ ငလျင်က စစ်ကိုင်းပြတ်ရွေ့နဲ့ စပ်ဆက်မှု ဘယ်လောက်ရှိပါသလဲ။

RelatedPosts

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
116
ကွယ်လွန်သွားတဲ့ ကလေးတွေအတွက် အမိန့်ပြန် (ရုပ်/သံ)

ကွယ်လွန်သွားတဲ့ ကလေးတွေအတွက် အမိန့်ပြန် (ရုပ်/သံ)

14 May 2025
60
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

14 May 2025
317

ဖြေ။ ။ ကျနော်တို့ လက်ရှိမှာ သုံးသပ်ထားတာကတော့ စစ်ကိုင်းပြတ်ရွေ့ရဲ့ တောင်ဘက် အစွန်ဆုံး အပိုင်း ပေါ့ဗျာ။ အဲဒီကြောင့် လှုပ်တယ်လို့ ကျနော်တို့ ကောက်ချက်ချထားတယ်။ ကျနော်တို့ တွေ့ရှိတဲ့ ငလျင်ဗဟိုချက် တွေကလည်း စစ်ကိုင်းပြတ်ရွေ့နဲ့ တကယ့်ကို နီးကပ်နေတယ်။ ပင်မ ပြတ်ရွေ့ကျောကြီးနဲ့ပေါ့နော်။ စစ်ကိုင်း ပြတ်ရွေ့ မှာ ပဲခူးကနေပြီး တော့ ကပ္ပလီပင်လယ်ပြင်ထဲကို ဆင်းသွားတဲ့ အပိုင်းပေါ့။ တောင်ဘက်စွန်းအပိုင်းလို့ သတ်မှတ်ထားတဲ့ အပိုင်းက လှုပ် ခတ်မှုလို့ ကျနော်တို့ ကောက်ချက်ချထားတယ်။

မေး ။ ။ ဒီငလျင်တွေက ငလျင်ကြီးလှုပ်ခတ်နိုင်မယ့် ရှေ့ပြေး ငလျင်လို့ ပြောနိုင်မလား။

ဖြေ ။ ။ အခု လက်ရှိလှုပ်တာကတော့ ၄ ဒသမ ၈ ဆိုတော့ အင်အားငယ်လေးလို့ပဲ ဆိုနိုင်ပါတယ်။ သူ့နောက်က နောက်ဆက် တွဲလှုပ်တာတွေကလည်း ပိုပြီး ရစ်ချ်တာစကေး ငယ်သွားပြီး နာရီပိုင်းခြား လှုပ်သွားတာပေါ့။ နောက်ပြီး စစ်ကိုင်းပြတ်ရွေ့ ကလည်း အရင်ကတည်းက ရွေ့လျားနေတဲ့ သက်ရှိ ပြတ်ရွေ့ တကြောင်း ဖြစ်တယ်။ ဒီအပေါ်မှာကလည်း လွန်ခဲ့တဲ့ ရာစု နှစ်တွေလောက်ကတည်းက ပြတ်ရွေ့အပိုင်းလိုက်၊ အပိုင်းလိုက်မှာ အင်အားပြင်း ငလျင်ကြီးတွေ လှုပ်ခဲ့တာ တွေ့ရတယ်။
မြန်မာနိုင်ငံမှာ ဆိုရင်တော့ စစ်ကိုင်းပြတ်ရွေ့က ငလျင်ကြီးတွေကို လှုပ်ခတ်စေတဲ့ ပြတ်ရွေ့တကြောင်းပေါ့။ အဲဒီတော့ ဒီဟာနဲ့ ပတ်သက်ပြီး လူတွေက စိုးရိမ်နေတာက နောက်ဆက်တွဲ လာနိုင်လား၊ မလာနိုင်လားဆိုပြီး တော့ပေါ့။ ကျနော်တို့ အနေနဲ့ကတော့ လာနိုင်မလား၊ မလာနိုင်မလားဆိုတာ ဘယ်လိုမှ ကြိုတင်ခန့်မှန်းလို့ မရပါဘူး။

ကမ္ဘာမှာလည်း အဲဒီလို နည်းပညာ မရှိသေးပါဘူး။ ကျနော်တို့က ငလျင်လှုပ်ခတ်ပြီးမှသာ လှုပ်ခတ်သွားတဲ့ လှိုင်းတွေကို လိုက်ပြီး ခန့်မှန်းရတာပါ။ အဲဒီတော့ ဖြေရတာ တော်တော်ခက်ပါတယ်။ ဒါကြောင့် တနည်းအားဖြင့် ပြောရရင် ဒါဟာ ရှေ့ပြေးငလျင်တွေ ဖြစ်နိုင်လားဆိုတော့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ စစ် ကိုင်းပြတ် ရွေ့ကြောင်းကြောင့် ငလျင်ကြီး လှုပ်လာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မနေ့တနေ့က လှုပ်ခတ်သွားတဲ့ င လျင်က ၄ ဒသမ ၈ ဆိုတော့ ငလျင် အသင့်အတင့်နား ကပ်နိုင်တဲ့ ပမာဏလို့ ပြောရမယ်။ အဲဒီတော့ အဲဒီအခြေအနေကို ကြည့် ပြီး ပြောရရင်တော့ ကျနော်တို့က စောင့်ကြည့်ရမယ့် အခြေအနေလို့ ပြောရမှာပေါ့။

မေး ။ ။ စောင့်ကြည့်ရမယ့် အခြေအနေဆိုတာ ဘယ်အချက်တွေကြောင့်လဲ ပြောပြပေးပါဦး။

ဖြေ ။ ။ ဒီစစ်ကိုင်းပြတ်ရွေ့ကို ပြောရမယ်ဆိုရင် ၁၉၃၀ မှာ လှုပ်ခဲ့တဲ့ ပဲခူးငလျင် လှုပ်တယ်။ အင်အားပမာဏ ၇ ဒသမ ၃ ရှိတယ်။ လူသေဆုံးမှု ရန်ကုန်ရော၊ ပဲခူးမှာပါ ၅၀၀ လောက် ရှိခဲ့တယ်ပေါ့။ အဲဒီနောက်ပိုင်း စစ်ကိုင်း ပြတ်ရွေ့ရဲ့ တောင်ဘက် အစွန်ဆုံး အပိုင်းမှာ အဲဒီလို ငလျင်မျိုး လှုပ်ခတ်မှု မရှိသေးဘူး။
ကျနော် တို့ လည်း အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး သုတေသန လေ့လာမှုတွေ လုပ်တဲ့အခါမှာ ကျနော်တို့ အနေနဲ့ အကြမ်း ဖျင်း နှစ်တရာ သက်တမ်းမှာ အဲဒီလို အင်အားပြင်း ငလျင်တွေ တကြိမ် လှုပ်နိုင်တယ်လို့ ကျနော်တို့ ပြီးခဲ့တဲ့ လေး၊ ၅နှစ်က လုပ်ခဲ့တဲ့ သုတေသန တွေ့ရှိချက်တွေက အဖြေထွက်တယ်။

အဲဒီတော့ ပြီးခဲ့တဲ့ ၁၉၃၀ ကနေ လက်ရှိ ၂၀၁၆ ဖြစ်လာပြီဆို တော့ အခုဆို နှစ်ပေါင်း ၈၀ ကျော် ၉၀ ဝန်းကျင် ထဲကို ရောက်လာပြီလို့ ဆိုရမယ်။ အဲဒီတော့ ဒီအပေါ်မှာ ကြည့်ပြီး ကျနော် တို့အနေနဲ့ စိုးရိမ်ပါတယ်။ အင်အား ပြင်း ငလျင်တခု ဆယ်စုနှစ်အတွင်း လှုပ်နိုင်တယ်ဆိုပြီးတော့ပေါ့။ ဆယ်စုနှစ်ဆိုတာနဲ့ မနက်ဖြန်လည်း လှုပ်နိုင် တယ်။ နောက်နေ့မှ လှုပ်ချင်လည်း လှုပ်မယ်။ နောက်ထပ် ၅နှစ်မှ လှုပ်ချင်လည်း လှုပ်နိုင်တယ် ပေါ့ ။ ကျနော်တို့ ဘက်က ပြောနိုင်တာက သတိထားရမယ့် အခြေအနေ ဖြစ်တယ်လို့ ပြောရမယ်ပေါ့။

မေး ။ ။ နောက်ပြီး ငလျင်အသင်းအနေနဲ့လည်း စစ်ကိုင်းပြတ်ရွေ့ဟာ ငလျင်ကြီး လှုပ်ခတ်နိုင်မယ့် အခြေ အနေကို စိုးရိမ် နေရပြီလို့ သတင်းတွေမှာ တလျှောက် ပြောနေတာဆိုတော့ ငလျင်အသင်းအနေနဲ့ သုတေသန တွေ့ရှိချက်တွေမှာ ဘယ် လို ထူးခြားချက်တွေ တွေ့ရှိနေပါပြီလဲ။

ဖြေ ။ ။ ထူးခြားချက်ကတော့ စစ်ကိုင်းပြတ်ရွေ့တခုက ငလျင်ကြီးတွေကို လှုပ်ခတ်နိုင်တဲ့ သက်ရှင် ပြတ်ရွေ့တခုပါ။ အဲဒီ ကနေ တကျော့ ပြန်လည် လှုပ်ခတ်လာနိုင်တဲ့ ငလျင်ကြီးတွေရဲ့ အချိန်က ကျနော်တို့ ပြောရမယ်ဆို တိုင်ပင်ပေါ့။ သူ့ရဲ့ တိုင်ပင်က နီးကပ်လာတဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ စိုးရိမ်လာရပြီလို့ ကောက်ချက်ချတာပါ။ အဲဒီလို သက်ရှင် ပြတ်ရွေ့တွေမှာ ပြတ်ရွေ့က မငြိမ်နေဘူး။ လူတွေကသာ မသိလို့။ စစ်ကိုင်းပြတ်ရွေ့က ဟိုးအရင်ကတည်းက ရွေ့လျား နေတာပေါ့။ စစ်ကိုင်းပြတ်ရွေ့က တနှစ်ကို ၂ စင်တာ မီတာလောက် ရွေ့တယ်လို့ အကြမ်းဖျင်း ရွေ့တယ်။ ဆိုလိုတာက စစ်ကိုင်းပြတ်ရွေ့ရဲ့ အရှေ့ဘက်ခြမ်း မြေနုချပ် ကြီးနဲ့ အနောက်ဘက်ခြမ်း မြေနုချပ်ကြီးက ဒီလို ပွန်းတိုက်ပြီး သွားနေတဲ့ တာပါ။

တခါတရံမှာ ရွေ့နေရာကနေ ဆောင့်ဆောင့်ပြီးတော့ ပွန်းတိုက်မိလို့ ရုန်းတဲ့အတွက် ငလျင်တွေ ဖြစ်ပေါ်တာပါ။ အဲဒီလို ရုန်းတဲ့ ပမာဏ၊ သူ့ကို ဒဏ်အားတွေ ဖြစ်နေခဲ့တဲ့ ပမာဏ စုစည်းထားတဲ့ ပမာဏ တွေကနေပြီး မတင်းခံနိုင်လို့ လွတ် ထွက်သွားတဲ့အခါမှာ ပြင်းအားမြင့်တဲ့ ငလျင်တွေ လှုပ်ခတ်သွားတာပါပဲ။ ဒါကြောင့် ခုနကပြောတဲ့ ပြင်းအား ၇ နဲ့ အထက် မလှုပ်ခတ်တာ ကြာပြီ ဖြစ်တဲ့အတွက် ဒီလို သဘောအရရော သဘာ၀ သဘော အရရော ကျနော်တို့ ခန့်မှန်းတာ ဖြစ်ပါ တယ်။

မေး ။ ။ လက်ရှိ လှုပ်ခတ်နေတဲ့ ငလျင် ရစ်ချ်တာစကေးမှာ သက်ရောက်မှု ဘယ်လောက် အခြေအနေ သက် ရောက်ပါ သလဲ။ ဘယ်အခြေအနေဆို စိုးရိမ်စရာ အခြေအနေလို့ သတ်မှတ်ထားပါသလဲ။

ဖြေ ။ ။ အဲဒါကတော့ ဖော်မြူလာနဲ့ ပြင်းအားနဲ့ ဆိုင်ပါတယ်။ ပွိုင့်တခု တိုးသွားတိုင်း တဆရယ်လို့ မဟုတ်ဘူး။ ဥပမာ- ပွိုင့် တခု တိုးသွားတိုင်း ဟိုက်ဒရိုဂျင်ဗုံး အလုံး နှစ်ရာလောက် ပေါက်ကွဲတဲ့ ပေါက်ကွဲအားနဲ့ တူညီတယ်လို့ ပြောကြပါတယ်။ အန္တရာယ် ရှိတဲ့ အခြေအနေ သတ်မှတ်ဖို့ ဆိုတာကလည်း နိုင်ငံတခုနဲ့ တခု အင်အားပြင်း တဲ့အပေါ် သတ်မှတ်ချက်က နည်း နည်း ကွာပါတယ်။ သူတို့နိုင်ငံမှာ ရှိတဲ့ အဆောက်အအုံတွေရဲ့ တည်ဆောက်မှု ဒီဇိုင်းတွေနဲ့ တည်ဆောက်တဲ့ အပေါ်မှာ လည်း မူတည်ပါတယ်။

မေး ။ ။ ဒါဆို ရန်ကုန်လို မြို့ပြတွေရဲ့ ငလျင်ဒဏ် ခံနိုင်အားက ဘယ်လောက်ထိ ရှိနိုင်မယ်လို့ ခန့်မှန်းနိုင်မလဲ။

ဖြေ။ ။ အဲဒါကတော့ ကျနော်တို့မှာ အဲဒီလို လေ့လာမှုတွေ လုပ်နိုင်အောင် လက်ရှိမှာ ဆောင်ရွက်နေဆဲပဲ ရှိပါသေးတယ်။ ကျနော်တို့မှာ ဟိုအရင်ကလည်း ငလျင်ဒဏ် ခံနိုင်အားကို မူတည်ပြီး တည်ဆောက် ထားတာ မျိုးတွေ မရှိကြဘူး။ အခု နောက်ပိုင်းနှစ်တွေမှ ကျနော်တို့ ငလျင်ကော်မတီက ထုတ်တဲ့ ငလျင်ရပ်ဝန်းပြ မြေပုံ ထွက်လာပြီး နောက်ပိုင်းက မြန်မာ နိုင်ငံ အင်ဂျင်နီယာ အသင်းက ဒီအပေါ်ကို အခြေခံပြီး bulding code တွေ ရေးဆွဲတယ်။ ငလျင်ရပ်ဝန်းပြ မြေပုံထဲက ငလျင်လှိုင်းသွား အရှိန်ကို မူတည်ပြီး အဲဒီကုဒ်တွေကို ပြုပြင် ရေးဆွဲတာပါ။

အဲဒီဟာကတော့ ပြီးခဲ့တဲ့ နှစ်နှစ်လောက် က တည်းက ထွက်ထားပြီးပြီ။ တချို့အဆောက်အအုံတွေက အဲဒီ အပေါ်ကို လိုက်နာပြီး ဆောက်ကြတာတွေ ရှိလာပါပြီ။ ကျ နော်တို့စီမှာတော့ အဆောက်အအုံတွေကို ငလျင်ဒဏ် ဘယ်လောက် ခံနိုင်မလဲဆိုတာမျိုး သုတေသန အရင်ကတည်းက မရှိထားတဲ့အတွက်လည်း ကျနော်တို့ လောလောဆယ်မှာ မပြောနိုင်သေးဘူးပေါ့နော်။

ကျနော်တို့ဆီမှာက အခု ၂နှစ်နောက်ပိုင်းလောက်မှ Bulding code နဲ့ တည်ဆောက်တဲ့ ကန်ထရိုက်ကြီးတွေ ရှိလာ ပေ မယ့် အဲဒီလို ငလျင်ဒဏ်ခံနိုင်ဖို့ ရည်ရွယ် တည်ဆောက်မထားတဲ့ အဆောက်အအုံတွေမှာတော့ ထင်ပါတယ်။ ကျနော် ထင်တာကတော့ ပမဏ ၆ ကျော်ကျော်လောက် ဆိုရင်ပဲ နည်းနည်း အထိအခိုက်
အပျက်အစီးတွေ ရှိလာနိုင်ပါတယ်။

မေး ။ ။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကလည်း စစ်ကိုင်းနဲ့ မန္တလေးမှာ အင်အား ၆ ဒသမ အဆင့်ရှိတဲ့ ငလျင်တွေ လှုပ်သွားတယ်။ နောက်ပြီး ၂၀၁၃ ခုနှစ်တုန်းကလည်း သပိတ်ကျင်းမြို့နယ်ကို ဗဟိုပြုပြီး အင်အား ၅ ဒသမ ၄ အဆင့် ရှိတဲ့ ငလျင်တွေ လှုပ်ခဲ့ဖူးတယ်။ အခုနောက်ပိုင်းနှစ် ၂၀၁၆ နှစ်အစမှာ အခုလို ဆက်တိုက် လှုပ်ရှားမှု ရှိလာတာဆိုတော့ ငလျင် ဖြစ်နိုင် ခြေက ဘယ်လောက်ထိ မြင့်တက်လာနိုင်မလဲ။

ဖြေ ။ ။၂၀၁၃ ခုနှစ်က လှုပ်သွားတာက သပိတ်ကျင်းမှာ ဆိုတော့ ငလျင်ရဲ့ လှုပ်ခတ်မှုနှုန်းက သူ့ရဲ့ အနီး အနားမှာ ခံစား ရတာပေါ့။ ကျနော်တို့ အခု ရန်ကုန်မှာ ခံစားရပေမယ့် ငလျင်ဒဏ်ကို မန္တလေးက ခံစားချင်မှ ခံစားရမယ်။ ငလျင်ရဲ့ သဘော က သူ့အပိုင်းလိုက် အပိုင်းလိုက်ရှိတယ်။ လက်ရှိမှာတော့ ကျနော်တို့က မြန်မာပြည်အောက်ပိုင်းကို ပိုပြီးတော့ စိုးရိမ်ပါ တယ်။

ဖြူးကနေ တောင်ငူလောက်ကနေ စပြီးတော့ ပဲခူး မြောက်ဘက် ဘုရားကြီးအကျော်ဘက်လောက်မှာ တပိုင်း ၊ အဲဒီ အပိုင်းကလည်း သက်သက် လှုပ်တယ်။ ဒီ ပဲခူးမြောက်ဘက်ကနေ ပင်လယ်ဘက်အပိုင်းက သက်သက် လှုပ်ကြတယ်။ အပိုင်းလေးတွေ ရှိတဲ့အတွက် ဒီအပိုင်းလှုပ်ရင် ဟိုဘက်အပိုင်းကတော့ ထိခိုက်မှု နည်းတယ်ပေါ့။ ဖြူးဆိုရင် ၁၉၃၀ မှာ ၂ကြိမ် လှုပ်ခဲ့တယ်။ ကျနော်တို့ ဖြူးလှုပ်ရှားမှုတွေကို လေ့လာရာမှာလည်း အင်အားပြင်း ငလျင်တွေ လှုပ်ရှားနိုင်တဲ့ အတွက် အဲဒီဘက်မှာ ပိုစိုးရိမ်တာပါ။

မေး ။ ။ အစိုးရရဲ့ ငလျင် အပါအဝင် သဘာ၀ ဘေးဒဏ် ကာကွယ်မှု အခြေအနေကို ဘယ်လို မြင်ပါသလဲ။

ဖြေ။ ။ ငလျင် လှုပ်ခတ်မှုနဲ့ ပတ်သက်ပြီး လူထုကနေ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်တွေအထိ အဆင့်ဆင့် အသိပညာ ပေး မှုတွေ လုပ်ဆောင်ရမယ်။ ငလျင် လှုပ်ခတ်လာရင် ဘယ်လို ရှောင်ရှားရမယ် ဆိုတာမျိုးပေါ့။ နောက်ပြီး ငလျင် လှုပ်ခတ်ပြီး နောက် ဖြစ်ပေါ်လာမယ့် အပျက်အစီးတွေကို ဘယ်လို ဖယ်ရှားမလဲ။ ပစ္စည်း ကိရိယာ မျိုး မရှိဘူး။ ဘယ်လို ယာဉ်တွေကို ပြင်ဆင်ထားရမလဲဆိုတာမျိုး အထိ။ အဘက်ဘက်ကတော့ အားနည်း နေပါသေးတယ်။

ပြည်သူတွေအနေနဲ့ကတော့ ငလျင် လှုပ်ခတ်မှု အခြေအနေကို ကြိုတင်မသိနိုင်တဲ့အတွက် ငလျင် လှုပ်ခတ်ရင် ရှောင်ရှား နိုင်တဲ့ အချက်တွေကို သိထား ဖတ်ထားသင့်တယ်လို့ ကျနော်မြင်ပါတယ်။

Your Thoughts …
Tags: Earthquake
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

by ဧရာဝတီ
1 April 2025
14.9k

မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့က Sky Villa အဆောက်အဦ စတင်ပြိုကျခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေလာတာဖြစ်ပါတယ်။

ငလျင်ဘေး ဝင်ကူတဲ့ PDF တချို့ကို စစ်ကောင်စီဖမ်းဆီး (ရုပ်/သံ)

ငလျင်ဘေး ဝင်ကူတဲ့ PDF တချို့ကို စစ်ကောင်စီဖမ်းဆီး (ရုပ်/သံ)

by ဧရာဝတီ
2 April 2025
4k

ငလျင်ဒဏ်သင့်ဒေသက ပြည်သူတွေကို ကယ်ဆယ်ရေးဝင်လုပ်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) တချို့ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ဧရာဝတီကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အာဏာရှိရင် ပြည်သူ့အသက်တွေ အများကြီးကယ်နိုင်လိမ့်မယ် (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်အာဏာရှိရင် ပြည်သူ့အသက်တွေ အများကြီးကယ်နိုင်လိမ့်မယ် (ရုပ်/သံ)

by ဧရာဝတီ
2 April 2025
1.1k

လူအမြောက်အမြား သေဆုံးထိခိုက်မှုတွေရှိနေတဲ့ လက်ရှိ ငလျင်ဘေးမှာ ဒေါ်အောင်ဆန်းစုကြည်သာလုပ်ကိုင်ခွင့်ရှိခဲ့မယ်ဆိုရင် ပြည်သူတွေရဲ့ အသက်တွေကို အများကြီးကယ်တင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း NLD အစိုးရလက်ထက်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

တရုတ်ကြက်ခြေနီယာဉ်တန်းကို ပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီဝန်ခံ (ရုပ်/သံ)

တရုတ်ကြက်ခြေနီယာဉ်တန်းကို ပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီဝန်ခံ (ရုပ်/သံ)

by ဧရာဝတီ
2 April 2025
966

ငလျင်ဘေးဒဏ်သင့်တဲ့ မန္တလေးမြို့ကို ကူညီထောက်ပံ့ရေးတွေပေးဖို့ ရှမ်းပြည်နယ်မြောက်ပိုင်း က ဝင်ရောက်လာတဲ့တရုတ်ကြက်ခြေနီ အသင်းရဲ့ ယာဉ်တန်းကို ပစ်ခတ်ခဲ့တယ်လို့စစ်ကောင်စီက ဝန်ခံလိုက်ပါတယ်။

ပြဿနာတွေ ဖြေရှင်းချင်ရင် စစ်တပ်သဘောထားမှန်ဖို့လိုတယ် (ရုပ်/သံ)

ပြဿနာတွေ ဖြေရှင်းချင်ရင် စစ်တပ်သဘောထားမှန်ဖို့လိုတယ် (ရုပ်/သံ)

by ဧရာဝတီ
8 April 2025
941

ငလျင်ဘေးကြောင့် တိုင်းပြည်ကပ်ဆိုက်နေချိန်တွင် မြန်မာပြည်နိုင်ငံ ရေး၊ စစ်ရေး ပဋိပက္ခကို ညှိနိုင်းဖြေရှင်းလိုကြသည့် ပြည်တွင်း ပြည်ပသဘောထားများအား အကောင်အထည်ပေါ်ရန်အတွက် အထက်တွင် ဖေါ်ပြခဲ့သည့်အတိုင်း မြန်မာစစ်တပ်၏ သဘောထားပြောင်းလဲမှသာ ဖြစ်နိုင်ပေလိမ့်မည်။

နေပြည်တော်က ဝန်ထမ်းတွေကိုတောင် စစ်ကောင်စီ မကူညီ (ရုပ်/သံ)

နေပြည်တော်က ဝန်ထမ်းတွေကိုတောင် စစ်ကောင်စီ မကူညီ (ရုပ်/သံ)

by ဧရာဝတီ
2 April 2025
755

မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကို ခံခဲ့ရတဲ့ အထဲမှာစစ်ခေါင်းဆောင်တွေနဲ့ စစ်ကောင်စီရုံးတွေ အခြေစိုက်တဲ့ နေပြည်တော်ကောင်စီနယ်မြေလည်းပါဝင်ပါတယ်။

Next Post
အမေရိကန် , နိုင်ငံရေး , ဒေါ်အောင်ဆန်းစုကြည် , သမ္မတဦးသိန်းစိန်

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Antony J.Blinken မြန်မာနိုင်ငံလာရောက်မည်

အက်ဆစ်နဲ့အပက်ခံရပြီးမှ မော်ဒယ်လ်ဖြစ်လာသူ အမျိုးသမီး

အက်ဆစ်နဲ့အပက်ခံရပြီးမှ မော်ဒယ်လ်ဖြစ်လာသူ အမျိုးသမီး

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
6.2k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate