သတင်းတို

အင်ဒိုနီးရှား ရဲတပ်ဖွဲံက အကြမ်းဖက်သမား ၄ ဦးကို သုတ်သင်လိုက်နိုင်ပြီ

This article has been converted from Zawgyi One to Unicode

အင်ဒိုနီးရှား ရဲတပ်ဖွဲံက အကြမ်းဖက်သမား ၄ ဦးကို သုတ်သင်လိုက်နိုင်ပြီဂျာကာတာ ဗုံးခွဲတိုက်ခိုက်မှုတွင် အကြမ်းဖက်သမားဟု သံသယရှိသူ ၄ဦးကို အင်ဒိုနီးရှားရဲတပ်ဖွဲ့ သုတ်သင်လိုက်ပြီး အခြားသူ ၄ဦးကိုလည်း ဖမ်းဆီးလိုက်ကာ အကြမ်းဖက်သမားများ ခိုအောင်းနေသည့် အဆောက်အဦး၏ အောက်ခြေမှစ၍ အထက်အထိ ရှင်းလင်းနေပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရ Iqbal Kabid က မီဒီယာများကို ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့များနဲ့ အကြမ်းဖက်သမားများဟာ ဗုံးဖောက်ခွဲခံရသည့် Starbuck ကော်ဖီဆိုင်နှင့် အတူတူဖြစ် နေသည့် ရုပ်ရှင်ဘက်ခြမ်းတွင် ရင်ဆိုင်နေရာယူထာပြီး မကြာခင်မှာ လုံခြုံစိတ်ချရလိမ့်မယ့်လို့ ရဲတပ်ဖွဲ့ကဆိုပါ တယ်။

ဒီကနေ့ စောစောပိုင်းက အကြမ်းဖက်သမား ၁၅ ယောက်ခန့်ဟာ အော်တိုမက်တစ် မောင်းပြန်သေနတ်များ ဖောက်ခွဲရေး ပစ္စည်းများကို သယ်ဆောင်ကာ မော်တော်ဆိုင်ကယ်များနဲ့ ဝင်ရောက်လာကာ ဂျာကာတာမြို့လည် သံရုံးများ၊ Sarinah ကုန်တိုက်ရှေ့၊ ကုလသမဂ္ဂ    ရုံးအနီးစသည့်နေရာ ၆နေရာခန့်တွင် ဗုံးဖောက်ခွဲများ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Loading