သတင်းတို

KNU ဥက္ကဋ္ဌ မူတူးစေးဖိုး ဦးဆောင်သောအဖွဲ့ စစ်တက္ကသိုလ်သို့ သွားရောက်လေ့လာ

This article has been converted from Zawgyi One to Unicode

MM Militaryတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ စီစဉ်ပေးမှုဖြင့် ကရင်အမျိုးသားအစည်းအရုံး (KNU)ဥက္ကဋ္ဌ စောမူတူးစေးဖိုး ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်သို့ သွားရောက်လေ့လာကြသည်။ KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် အဖွဲ့သည် စစ်တက္ကသိုလ်ကျောင်းဌာနချုပ်သို့ရောက်ရှိ ကြရာ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်ချုပ် မြင့်မော်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ဗိုလ်လောင်းများ၏ စာပေဌာနသို့ ချီတက်သွားလာမှုအခြေအနေများကို ကြည့်ရှုလေ့လာပြီး စစ်တက္ကသိုလ်ပြတိုက်ကို သွားရောက်လေ့လာကြရာ ကျောင်းအုပ်ကြီးက စစ်တက္ကသိုလ်သမိုင်းကြောင်းကို လိုက်လံရှင်းလင်းပြသသည်။ ထို့နောက် ဗိုလ်လောင်းတပ်ရင်းများ၊ စားရိပ်သာများ၊စာပေဌာနနှင့် ကျောင်းဆင်းစစ်ရေးပြကွင်းအပါအဝင် စစ်တက္ကသိုလ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည်ရှုလေ့လာကြပြီး ဘွဲ့နှင်းသဘင်ခန်းမတွင် KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး နှင့် အဖွဲ့အား စစ်တက္ကသိုလ်၏ လေးနှစ်တာကာလအတွင်း လေ့ကျင့်ရေးဆောင်ရွက်မှု၊စာပေသင်ကြားမှုနှင့် လှုပ်ရှားမှုအခြေအနေများကို မှတ်တမ်းဗွီဒီယိုဖြင့် ရှင်းလင်းပြသခဲ့ပြီး အမှတ်တရ စုပေါင်း ဓါတ်ပုံ ရိုက်ကူးခဲ့သည်ဟု ကာကွယ်ရေး ဦးစီးချုပ်ရုံး Facebook  ၌ဖော်ပြထားသည်။

Loading