ဗုံးများ ဆက်တိုက်ပေါက်ကွဲအပြီး မြို့တော် ဂျာကာတာ တဝှမ်းရှိ Starbucks ကော်ဖီဆိုင်များအားလုံးကို ပိတ်ထားမယ်လို့ ကြေညာလိုက်ပါတယ်။ ယနေ့မနက်က မြို့တော်နေရာအနှံမှာဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုမှာ မြို့လည် လူစည်ကားရာနေရာရှိ Starbucks ကော်ဖီဆိုင်တဆိုင်လည်းပါဝင်ပါတယ်၊ Starbucks ကော်ဖီဟာ ကမ္ဘာတဝှမ်းမှာဖွင့်လှစ်ထားတဲ့ အမေရိကန်အခြေစိုက် ကော်ဖီဆိုင်လုပ်ငန်းဖြစ်ပါတယ်၊ ယနေ့နံနက်က ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုများမှာ ရဲ ၃ဦး၊ အရပ်သား ၃ဦး စုစုပေါင်းလူ ၆ ဦးသေဆုံးသွားပြီးတော့ အကြမ်းဖက်သမား ၄ဦးကိုလည်း ရဲတပ်ဖွဲ့က သတ်ဖြတ်ခဲ့ပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။