မနေ့က လူ ၇ဦး သေဆုံးခဲ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့လည်ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုမှာ IS အဖွဲ့က အုပ်စုတစုဖြစ်တဲ့ ခရူးဆိတ်မဟာမိတ်များအဖွဲ့က ပြုလုပ်တာဖြစ်တယ် IS က ထုတ်ဖော်ပြောလိုက်ပါပြီး ဆီးရီးယားမှာရှိတဲ့ IS က အထောက်အပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ရဲ့ ပြောဆိုချက်အရ အကြမ်းဖက်သမား ၅ဦး အပါအဝင် ကနေဒါနိုင်ငံသားတဦးနဲ့ အင်ဒိုနီး ရှားနိုင်ငံသားတဦး သေဆုံး နယ်သာလန်နိုင်ငံသားတဦးလည်း ဒဏ်ရာရရှိခဲ့တဲ့ ဒီဖြစ်ရပ်မှာ အကြမ်းဖက်သမား တွေဟာ ပါရီဖြစ်ရပ်ကို အတုခိုးပြီး လုပ်ခဲတာလို့ သိရပါတယ်။
ပေါက်ကွဲမှုဟာ ဂျာကာတာမြို့ရဲ့ ကုလသမဂ္ဂ၊ သံရုံးနဲ့ ဟိုတယ်တွေရှိတဲ့လူစည်ကားရာ မြို့လည်အပါအဝင် နေရာ ၆နေရာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး Starbucks ကော်ဖီဆိုင်နားမှာ အသေခံဗုံးဖောက်မှုကြောင့် ကော်ဖီဆိုင် လာတဲ့လူတွေလည်း ဒဏ်ရရခဲ့ပါတယ်။
အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုက ဒီတိုက်ခိုက်မှုကို ရှုံချလိုက်ပြီး နိုင်ငံသားများအနေနဲ့ အကြမ်းဖက်သမားတွေကို မကြောက်ရွံဖို့ ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာကတည်းက ဂျာကာတာကို တိုက်ခိုက်မယ့် အကြမ်းဖက်သမား ၉ဦးကိုသူတို့ရဲ့ စီမံချက်တွေနဲ့ အတူ ဖမ်းဆီးခဲ့ပြီးဖြစ်ပါတယ်။
အခုတော့ ဒီတိုက်ခိုက်မှုကို IS က အင်ဒိုနီးရှားကို ပစ်မှတ်ထားပြီး သူတို့ပြုလုပ်တာဖြစ်တယ်လို့ ထုတ်ဖော်ပြော လိုက်ပြီဖြစ်ပြီး၊ အင်ဒိုနီးရှားကသာ ၇ဦးသေဆုံးတယ်ပြောပေမယ့် တကယ်တမ်း ၁၅ ဦးသေဆုံးတယ်လို့ IS က ဆိုပါတယ်။
အကြမ်းဖက်ဖြစ်ရပ်တွေဟာ တူရကီ၊ အီရတ်၊ ကင်မရွန်းမှာဖြစ်ပွားခဲ့ပြီး ဒီတပတ်မှာတော့ အင်ဒိုနီးရှားမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့နှစ်က အနောက်ဂျာဗားနဲ့ ဂျာဗားအလယ်ပိုင်းမှာ ဗုံးပြုလုပ်နိုင်တဲ့ ပစ္စည်းတွေနဲ့ သံသယဖြစ်ဖွယ် လူ ၆ဦးကို ဖမ်းဆီးရမိပြီးနောက်ပိုင်း ခရစ်မတ်စ်နဲ့ နှစ်သစ်ကူးပွဲတော်တွေမှာ ဂျီဟတ်ဒ် အဖွဲ့ တွေက ဗုံးဖောက်ခွဲမှု တွေပြုလုပ်နိုင်တယ်လို့ အင်ဒိုနီးရှား အကြမ်းဖက်မှု တိုက်ဖျက်ရေးရဲအဖွဲ့က သတိပေးထားပါတယ်။