ပြည်နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂ(မြေလတ်ဒေသ)မှ ဦးဆောင်၍ နည်းပညာတက္ကသိုလ် ကျောင်း သူ၊ ကျောင်းသားများ၏ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲပြဿနာများနဲ့ ကျောင်းတွင်းလိုအပ်ချက်များ အချက် (၂၀)ကို ထုတ်နုတ်ပြီး ကျောင်းသားပေါင်း ၁၂၁၄ ယောက်ထံမှ စစ်တမ်း တစောင် ကောက်ခံခဲ့ရာ ကျန်းမာရေးနှင့်ညီညွှတ်ရန်သော ရေလောင်းအိမ်သားများလိုအပ်နေမှုကို ၆၂ ရာခိုင်နှုန်းက ထောက်ခံခဲ့ပြီး၊ နေ့စဉ်ကျောင်းတက်ချိန် နံနက် ၈ နာရီသတ်မှတ်ခြင်းနှင့် ပတ်သက်ပြီး ၈၃ ရာခိုင်နှုန်းက အဆင်မပြေကြောင်း ၊ ဘာသာရပ်တခုစီတွင် ကျောင်း ခေါ်ချိန် ၇၅ ရာခိုင်နှုန်းရှိမှ စာမေးပွဲဖြေဆိုခွင့် ရရှိမည့်အပေါ်တွင် ၇၀ ရာခိုင်နှုန်းက အဆင်မပြေ ကြောင်းနှင့် ၆၄ ရာခိုင်နှုန်းက ကျောင်းအကြိုအပို့ယာဉ် အဆင်မပြေကြောင်း စစ်တမ်းတွင် ဖော်ပြထားပါတယ်၊ ဒါ့အပြင် ၉၁ ရာခိုင်နှုန်းက ဘွဲ့နှင်းသဘင်ခန်းမ လိုအပ်ကြောင်း၊ ၆၉ ရာခိုင်နှုန်းက ရရှိသော ဘွဲ့လက်မှတ်သည် သက်ဆိုင်သည့် အလုပ်အကိုင်ရရှိမှု မရှိကြောင်း ၊၈၃ ရာခိုင်နှုန်းက ကျောင်းသားထုမှရွေးချယ်ထားသော တက္ကသိုလ် ကိုယ်စားပြု သမဂ္ဂများလိုအပ်ကြောင်း၊ ၈၁ ရာခိုင်နှုန်းက နယ်ဝေးကျောင်းသား၊ ကျောင်းသူများ၏ နေထိုင်စား သောက်ရေး အဆင်ပြေရန်လိုအပ်ကြောင်း နှင့် ၅၇ ရာခိုင်နှုန်းက ကျောင်းတွင်းပညာ သင်ကြားခြင်း အပြင် ပြင်ပကျူရှင်တက်ရန်လိုအပ်မှုရှိကြောင်းလည်း စစ်တမ်း မှာ ထည့်သွင်းကောက်ယူခဲ့ပါတယ်။
ကျောင်းသားသမဂ္ဂဥက္ကဌ ကိုဝင်းမြတ်ဟိန်းက “အဓိက ကျောင်းသားတွေရဲ့လိုအပ်ချက်တွေ နေ့စဉ်ကြုံ တွေ့နေ ရတဲ့ အခက်အခဲပြဿနာတွေကို သိစေချင်လို့ပါ။ ဒီလိုမျိုးစစ်တမ်းတွေကောက်ပြီးတော့ လိုအပ်ချက်တွေကို ပါချုပ်ကနေတဆင့် အစိုးရကိုတိုက်ရိုက်တောင်းဆိုဖို့ ကျနော်တို့ စစ်တမ်းတွေကောက်ယူရတာပါ။ တခြား နည်းပညာတက္ကသိုလ် တခြားတက္ကသိုလ်တွေရဲ့ လိုအပ်ချက်တွေကို ကျနော်တို့ လုပ်သလိုမျိုး တခြားကျောင်း သူကျောင်းသားတွေလည်း လုပ်စေချင်ပါတယ်”လို့ ဆိုပါတယ်။
ပြည်နည်းပညာတက္ကသိုလ်တွင် ဘွဲ့နှင်းသဘင်ရရှိရေးအား ကျောင်းတာဝန်ရှိသူများမှ အစိုးရကို နှစ်စဉ်တင်ပြတောင်းဆိုခဲ့သော်လည်း ယနေ့အထိ သက်ဆိုင်ရာမှ မချပေးခြင်းဖြစ်ကြောင်းနှင့် ယခုလိုကျောင်းသားများ၏ စစ်တမ်းများနှင့်ပတ်သက်၍ ကောင်းမွန်သည့်လုပ်ရပ်ဖြစ်ကြောင်း Petroleum ဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာဇော်မင်းဦးက ဧရာဝတီသို့ပြောပါတယ်။
ပြည်နည်းပညာတက္ကကျောင်းအတွင်း အစိုပါစစ်တမ်းကောက်ခံမှုကို ကျောင်းသား ၁၂ ဦးမှ တရက်အတွင်း ကျောင်းသားပေါင်း ၁၂၁၄ ဦး (ကျောင်းရှိ စုစုပေါင်း ကျောင်းသားဦးရေ၏ ၆၀ ရာခိုင်နှုန်း) ထံ သွားရောက် ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း ကျောင်းသားများထံမှ သိရပါတယ်။