ကချင်ပြည်နယ်၊တနိုင်းဒေသ ဘိန်းပပျောက်ရေးအတွက် ဘိန်းခင်းများ သွားရောက်ဖျက်စီးခဲ့သည့် လူထုအခြေ ပြု မူး ယစ် ဆေးဝါး အဖွဲ့ မှ အသက် ၁၉နှစ် အရွယ် လူငယ် တဦး သေနတ်ပစ်ခံရပြီး သေဆုံး သွား ကြောင်း သတင်းရရှိသည်။
ကချင်ပြည်နယ်၊ မိုးကောင်းမြို့ နယ်၊ လဘန်ကျေးရွာမှ အသက် ၁၉ နှစ်အရွယ် လထော်တူးစိုင်းသည် ဇန်နဝါရီ လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် တနိုင်းဒေသရှိ ဘိန်းခင်းများရှင်းလင်းနေစဉ် သေနတ်ဖြင့် ချောင်းမြောင်းပစ် ခတ်ခံရပြီး ကျည် ဆံ ထိမှန်ကာ သေဆုံးသွားခဲ့ကြောင်း လူထုအခြေပြု မူးယစ်ဆေးဝါ အဖွဲ့မှ ဆရာနော်တောင် က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ ဘိန်းခင်းရှင်ရင်း ပစ်ခံရတာပါ။ တူမီးသေနတ်နဲ့ ပစ်တာပါ။ ကျနော်တို့ ပစ်တဲ့သူကို လိုက်ရှာ သေးတယ် မတွေ့ဘူး။ ဒီကိစ္စကိုတော့ ကျနော်တို့ တနိုင်းမြို့နယ် ရဲစခန်း မှာ အမှု ဖွင့်ထားပါတယ်” ဟု ဆရာနော်တောင်က ဆိုသည်။
ထိုကဲ့သို့ ဘိန်းခင်းဖျက်စီးပေးသည့် လူငယ်တဦး သေနတ်ဖြင့် ပစ်ခတ်ခံရသော်လည်း ဘိန်းခင်းကို ဆက်လက် ရှင်းလင်း သွားမည် ဖြစ်ကြောင်း၊ ဘိန်း ခင်းများ ရှင်းလင်းသည့် အထိ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ် ကြောင်း၊ တနိုင်းဒေသ တွင် ဇန်နဝါရီ ၁၂ရက်နေ့မှ စတင်ကာ ဒေသခံ အယောက် ၆၀၀ ခန့် ဖြင့် ဘိန်းခင်း များ ကို သွားရောက် ဖျက်ဆီးပြီး လက်ရှိ အချိန်ထိ ဘိန်းခင်း ၄၀၀ ကျော်ဖျက်ဆီး ပြီးဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်ရှိ မျိုးဆက်လူငယ်များ မူးယစ်ကျေးကျွန်မှ လွတ်မြောက်ရန်နှင့် ပြည်နယ်တဝန်းရှိ ဘိန်းစိုက်ခင်း များ ပပျောက်ရေး အတွက် အဓိက ဘိန်းစိုက်ခင်းများရှိရာ ကန်ပိုက်တီး၊ တနိုင်းဒေသ ဟူးကောင်း ချိုင့်ဝှမ်း၊ ဆွမ်ပရာဘွန်၊ ပူတာအို၊ ချီဖွေ၊ ပန်ဝါတို့တွင် ဘိန်းခင်းများ ဖျက်စီးရေး လုပ်ဆောင်လျက်ရှိကြောင်း မြစ်ကြီးနား မြို့ နယ် လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ အတွင်း ရေးမှူး ဦးအင်ခွမ်ထန်ဂွန်း က ပြောသည်။
ကချင်ပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးသည့် နေရာအများစုသည် ပြည်သူ့ စစ်နှင့် နယ်ခြားစောင့်တပ်များရှိသည့် နေရာများဖြစ်ပြီး ကချင်ပြည်နယ်အတွင်း စိုက်ပျိုးထားသည့် ဘိန်းစိုက်ခင်းများ၏ ပိုင်ရှင်များဖြစ်သည့် ဒေသခံ မဟုတ်သည့် စီးပွားရေး သမားများ ဖြစ်ကြောင်း၊ လက်ရှိတွင် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် အတွင်းရှိ မျိုးဆက် လူငယ်များသည် မူးယစ်ဆေးဝါးကြောင့် ပျက်စီးမှုများ ရှိနေကြောင်း လူထု အခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ က ပြောသည်။
ကချင် လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ကို ၂၀၁၄ ခုနစ် ဧပြီ ၂၅ ရက်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း နှင့် ကချင်ပြည်နယ် များတွင် ကော်မတီများ ဖွဲ့စည်း၍ တည်ထောင်ခဲ့ပြီး၊ ၂၀၁၅ ခုနှစ်အတွင်းတွင် ကချင် လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့က ဘိန်းခင်းဧက ၃,၀၀၀ ကျော် ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။