မြောက်ကိုရီးယား ဟိုက်ဒရိုဂျင်ဗုံးဖေါက်ကွဲမှုနဲ့ ပတ်သက်လို့ မြန်မာက က စိုးရိမ်မကင်းဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုလိုက်တဲ့အတွက် မြန်မာဟာ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို ခပ်ဝေးဝေးကပဲ နေမယ်လို့ သက်ဆိုင်ရာဌာနများနဲ့ နိုင်ငံတကာကို ကြေညာလိုက်တာဖြစ်ပါတယ်။
မြောက်ကိုရီးယားနဲ့ မြန်မာကြား လ ျှို့ ဝှက်ချက်တွေ၊ မြန်မာကနေ မြောက်ကိုရီးယား ထံက လက်နက်ရယူခဲ့တဲ့ သတင်းတွေ၊ အခုလတ်တလောမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌလုပ်နေတဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းရဲ့ ၂၀၀၆ခုနှစ်က မြောက်ကိုရီးယားကို သွားရောက်ခဲ့တဲ့ လ ျှို့ဝှက်ချက်တွေ အပြင် မြန်မာက မြောက်ကိုရီးယား အာဏာရှင်တွေကို လ ျှို့ ဝှက်ခေါ်ယူပြီး အကြုံဉာဏ်ယူနေတယ်ဆိုတဲ့ အရင်ကရေးသားခဲ့တဲ့ ပုံရိပ်မကောင်း တဲ့သတင်းတွေ၊ အမြင်တွေကို ပြင်ဖို့ ကြိုးစားနေပြီလို့ သုံးသပ်နိုင်ပါတယ်။
မြန်မာ-မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို စိုးရိမ်မကင်းဖြစ်ကြောင်း ထပ်တလဲလဲပြောခဲ့တာကတော့ အမေရိကန် အစိုးရပဲဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်ဆန်းပိုင်းအထိ မြောက်ကိုရီးယားက မြန်မာကို လက်နက်တင်ပို့တယ်လို့ယူဆရတဲ့ သင်္ဘောကြီးကို နိုင်ငံတကာရေပိုင်နက်မှာ ဂျပန်အာဏာပိုင်တွေက ထောက်လှမ်းတွေ့ ရှိ ခဲ့တဲ့ သတင်းတွေ ထွက်ရှိနေဆဲ ဖြစ်ပါတယ်။ အဲ့ဒီတုန်းက မြောက်ကိုရီးယား သင်္ဘောမှာ နျူကလီးယားလုပ်ဆောင်နိုင်တဲ့ အလူမီနီယံတွေ တင်ဆောင်လာတာကို ဂျပန်ဘက်က အတည်ပြု ပြောကြားခဲ့ပါတယ်။
မြန်မာမှာ နျူကလီးယားနဲ့ ပတ်သက်တဲ့ အစီအစဉ် ရှိပေမယ့် မြောက်ကိုရီးယားရဲ့ ပါဝင်ပတ်သက် မှုရှိနေ တယ်ဆိုတဲ့ အထောက်အထားသူမတွေ့ရှိသေးတဲ့အကြောင်း နျူကလီးယား သိပ္ပံပညာရှင်၊ နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီ အဖွဲ့ရဲ့ ဒါရိုက်တာဟောင်း ဖြစ်သူ ရောဘတ် ကယ်လီ(Robert E Kelly) ကတော့ ထိုစဉ်က ပြောဆိုခဲ့ပါတယ်။
နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲပြီး တံခါးဖွင့်နေပြီဖြစ်တဲ့ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှု ရှိနေမယ်ဆိုရင် မြောက်ကိုရီးယားအပေါ်ထားရှိတဲ့ ပိတ်ဆို့ရေးပေါ်လစီကို ချိုးဖောက်တာဖြစ်ပါတယ်။
ဒါကြောင့်လည်း အခု မြန်မာရဲ့ မြောက်ကိုရီးယား ဟိုက်ဒရိုဂျင်ဗုံးနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ကြေညာချက်ဟာ မြောက်ကိုရီးယားနဲ့ ပတ်သက်စပ်ယှက်မှု မရှိပါဘူးလို့ တရားဝင်ပြောဆိုလိုက်တာပဲဖြစ်ပါတယ်။
မြောက်ကိုရီးယားရဲ့ ဟိုက်ဒရိုဂျင်ဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး မြန်မာရဲ့ စိုးရိမ်မှုဟာ မြန်မာပြည်ကို လာရောက်လည်ပတ်ခဲ့တဲ့ အမေရိကန်ရဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Antony J.Blinkenရဲ့ ခရီးစဉ်နဲ့လည်း တိုက်ဆိုင်နေခဲ့ပါတယ်။