• English
Wednesday, June 18, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

ဗမာပြည်နယ် သတ်မှတ်နိုင်ရေး ငြိမ်းချမ်းရေး ညီလာခံတွင် ဆွေးနွေး

by နန်းလွင်နှင်းပွင့်
18 January 2016
in Politics
A A
ဗမာပြည်နယ်, ငြိမ်းချမ်းရေး ညီလာခံ, SNLD, NCA

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ မြင်ကွင်း (ဓာတ်ပုံ - မျိုးမင်းစိုး/ဧရာဝတီ)

6.5k
VIEWS
Share on FacebookShare on Twitter

ဖက်ဒရယ် ပြည်ထောင်စုစနစ် တည်ဆောက်ရာတွင် အမျိုးသား တန်းတူရေးကို အခြေခံသည့် “ဗမာပြည်နယ်” ထပ်တိုး သတ်မှတ် ပေးရန် နေပြည်တော်တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အတွင်း ဆွေးနွေးမှုများ ရှိခဲ့သည်ဟု သတင်းရရှိသည်။
ညီလာခံတွင် နိုင်ငံရေးကဏ္ဍ၏ ဖက်ဒရယ် ခေါင်းစဉ်အောက်တွင် နိုင်ငံရေးပါတီအစုအဖွဲ့ ကိုယ်စားလှယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၏ ကိုယ်စားလှယ်များက “ဗမာပြည်နယ်” ထပ်တိုး သတ်မှတ်ပေးရန် စာတမ်း တစောင် တင်ပြ၍ ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း SNLD ကိုယ်စားလှယ်တဦး ဖြစ်သူ ဦးစိုင်းကျော်ညွှန့်က ဧရာဝတီသို့ ပြောသည်။

ဦးစိုင်းကျော်ညွှန့်က“အမျိုးသား တန်းတူရေးကို အခြေခံသွားမယ်ဆို ကျန်တဲ့ တိုင်းရင်းသားတွေက ပြည်နယ် ရှိတယ်။ ဗမာမှာ မရှိ ဘူး။ တိုင်းအသီးသီးကလည်း ဗမာကို ကိုယ်စား မပြုနိုင်ဘူး။ ဒါကြောင့် အမျိုးသားတန်းတူရေးကို ဦးတည်မယ်ဆို ဗမာပြည်နယ် ဖွဲ့ရမယ်”ဟု ပြောသည်။

RelatedPosts

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

17 June 2025
214
စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

17 June 2025
473
UK နဲ့ အမေရိကန်မှာ မြန်မာကို ကူညီဖို့ ပြောခဲ့တဲ့ ဒေါက်တာဆာဆာ  (ရုပ်/သံ)

UK နဲ့ အမေရိကန်မှာ မြန်မာကို ကူညီဖို့ ပြောခဲ့တဲ့ ဒေါက်တာဆာဆာ (ရုပ်/သံ)

17 June 2025
118

နိုင်ငံရေးပါတီ အစုအဖွဲ့မှ ကိုယ်စားလှယ်တချို့ကလည်း ၈ ပြည်နယ်ကို အခြေခံသည့် ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို တည် ဆောက် ရန် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

လက်ရှိတွင် ဗဟိုအစိုးရအစုအဖွဲ့သည် ဗမာအများစု ဖြစ်နေသဖြင့် ဗမာတိုင်းရင်းသားကို ကိုယ်စားပြုသည့် ပြည်နယ် ထပ်တိုး မဖွဲ့စည်းပါက ဖက်ဒရယ်စနစ် တည်ဆောက်ရာတွင် ဗဟိုအစိုးရသည် ဗမာတိုင်းရင်းသားများသာ ဖြစ်နေမည် ဖြစ်သဖြင့် တန်းတူ ညီမျှရေး ဖြစ်စေရန် ထိုအချက်ကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်ဟု ဦးစိုင်းကျော်ညွှန့်က ပြောသည်။

ဖက်ဒရယ်စနစ် ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့နှင့် တပ်မတော် အစုအဖွဲ့တို့ကမူ လက်ရှိ အ တိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခု ကိုသာ ဆက်လက်ကျင့်သုံးရန် သဘောထားရှိပြီး ဗဟိုအားကောင်းသော အစိုးရ စနစ်ကို ကျင့်သုံးရန် ဆွေးနွေးခဲ့ကြသည်ဟု ညီလာခံ၏ တင်ပြ ဆွေးနွေးချက်များ အနှစ်ချုပ် စာတမ်းတွင် ရေးသားထားသည်။

အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ အစုအဖွဲ့များမှ ဆွေးနွေးချက်များတွင် ဗဟို အားကောင်းသည့် ဖက်ဒရယ်စနစ်ကို ပြောဆိုနေ သဖြင့် ထိုစနစ်အရဆိုလျှင် လုပ်ပိုင်ခွင့်များသည် ဗဟိုတွင်သာ အများစုရှိမည်ဖြစ်ပြီး ဗမာပြည်နယ် ထပ်တိုး ဖွဲ့စည်းခြင်း မရှိပါက ဗမာ တိုင်းရင်းသားများ ဗဟိုအစိုးရတွင် အများစု ရှိနေကြောင်း၊ တန်းတူညီမျှရေးလည်း ရရှိမည် မဟုတ်ကြောင်း ဦးစိုင်းကျော်ညွှန့်က ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်များ အစုအဖွဲ့က ဖက်ဒရယ် ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ၎င်းတို့၏ သဘောထားသည် ဖက်ဒရယ်စနစ် တည်ဆောက်ရာတွင် ပြည်နယ်အသစ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အသစ်များကို လိုအပ်သလို ဖွဲ့စည်းရန် ဆန္ဒရှိသည်ဟု ပြောဆိုကြသည်။

နိုင်ငံရေးကဏ္ဍ၌ ဖက်ဒရယ်ရေးရာကိစ္စများ ဆွေးနွေးရာတွင် တပ်မတော် အစုအဖွဲ့မှ ဖက်ဒရယ်ကို သေချာလေ့လာထားပြီး အချက် အလက်များဖြင့် ချပြဆွေးနွေးသည်ကို မြင်ရသဖြင့် တပ်မတော်၏ ပူးပေါင်းပါဝင်မှုသည် လက်တွေ့ကျကျ လုပ်ဆောင်နေသည်ဟု တွေ့မြင်ရကြောင်း၊ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံနှင့် ပတ်သက်၍ တပ်မတော်က ပြင်ဆင်ရန် မလိုအပ်ဟု အခိုင်အမာ ပြောဆိုနေသဖြင့် နိုင်ငံရေးပါတီ အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်များ အစုအဖွဲ့တို့နှင့် သဘောထားကွဲလွဲမှု ရှိနေကြောင်း ဦးစိုင်းကျော်ညွှန့်က ပြောသည်။
လုံခြုံရေးကဏ္ဍတွင်မူ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ လက်ရှိ တပ်မတော်ကို ဖက်ဒရယ် တပ်မတော်နှင့်အညီ ဖြစ်စေရန် ပြန်လည် ပြုပြင် ပြောင်းလဲရေးကိစ္စရပ်များ ဆွေးနွေးရာတွင် တပ်မတော်မှ ချပြဆွေးနွေးသည့် အချက်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အစုအဖွဲ့မှ ချပြဆွေးနွေးချက်များသည် ကွာဟနေသဖြင့် အချိန်ယူညှိနှိုင်းရမည့် အနေအထားများနှင့် အခက်တွေ့မည့် ဆွေးနွေးချက်များ ရှိနေသေးသည်ဟု သိရသည်။

တိုင်းရင်းသားအစုအဖွဲ့ ကိုယ်စားလှယ် ဦးမျိုးဝင်းက“လုံခြုံရေးကဏ္ဍမှာ တပ်မတော်နဲ့ အချိန်ကြာကြာ ညှိရမယ့် အချက်ကတော့ လက်ရှိ တပ်မတော်ကို ပြန်လည်ပြုပြင် ပြောင်းလဲရေးဆိုတာပါပဲ။ ချက်ချင်းတော့ မပြေလည်နိုင်သေးဘူး။ NCA တောင် ၂နှစ် ကျော် ကြာတယ်။ ဒါလည်း ၃ နှစ်လောက် ကြာရင်ကြာနိုင်မယ်။ အချိန်ယူရပါလိမ့်မယ်”ဟု ပြောသည်။

သက်ဆိုင်ရာကဏ္ဍ အသီးသီးမှ ကိုယ်စားလှယ် ၆၇၀ ကျော် တက်ရောက်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် နိုင်ငံရေး ကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ မြေယာနှင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ ကဏ္ဍဟူ၍ ကဏ္ဍကြီး ၅ ရပ် သတ်မှတ် ဆွေးနွေးခဲ့ကြပြီး ဖက်ဒရယ်ကိစ္စကို နိုင်ငံရေးကဏ္ဍအောက်တွင် ထည့်သွင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်အရ ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ၄ လ ကြာမြင့်မှ ထပ်မံ ပြုလုပ်ရမည် ဖြစ် သဖြင့် ဒုတိယအကြိမ် ညီလာခံသည် အစိုးရသစ် လက်ထက်တွင် ပြုလုပ်ရမည် ဖြစ်သည်။

ဇန်နဝါရီလ ၁၂ ရက်မှ ၁၆ ရက်အထိ ကျင်းပသော ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ဆွေးနွေးချက်များသည် အဖွဲ့အစည်းအသီးသီးမှ ၎င်းတို့၏ ရပ်တည်ချက်ပေါ်မူတည်၍ လိုချင်သည့် အချက်များကို တင်ပြ ဆွေးနွေးကြခြင်းဖြစ်ပြီး ဆုံးဖြတ်ချက်များ မဟုတ်သဖြင့် အစိုးရသစ် လက်ထက်တွင် အပြောင်းအလဲများ ရှိမည်ဟု သိရသည်။

Your Thoughts …
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.8k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.5k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post

ငွေချေးခြင်း၊ ငွေလွှဲခြင်းများ လုပ်ကိုင်ရန် ဗဟိုဘဏ်က CBM-NET စနစ် စတင်

အငြိမ်းစား ဝန်ထမ်း, မြေကွက်, ရန်ကုန်တိုင်းဒေသကြီး အစိုးရ, ဦးမြင့်ဆွေ

ရန်ကုန်တွင် အငြိမ်းစားဝန်ထမ်းများ မြေကွက် လျှောက်ထားမှု များပြားလာ

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

6 days ago
5k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate