သမ္မတဦးသိန်းစိန် အစိုးရအနေနဲ့ ကျန်ရှိနေတဲ့ အစိုးရ သက်တမ်း ၃ လအတွင်းမှာ ကိစ္စအမျိုးမျိုးကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က မြန်မာပြည် ခရီးစဉ် နောက်ဆုံးနေ့ဖြစ်တဲ့ ဇန်နဝါရီ ၁၈ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်း ပြောကြားခဲ့ပါတယ်။
အမေရိကန်ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုှုင် တို့ နဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၂၈ ဦး ရှိပြီး အမှုရင်ဆိုင်နေရဆဲ အကျဉ်းသား ၄၇၂ ဦးရှိကြောင်း AAPP က ထုတ်ပြန်ကြေညာထားပါတယ်။