ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး ခေါင်းဆောင်များ တက်ရောက်မည့် ကမ္ဘာ့စီးပွားရေး ညီလာခံ (World Economic Forum)ကို ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ကျင်းပသည့် ယနေ့စတင်လိုက်ပြီဖြစ်ပါတယ်။
ကမ္ဘာ့စီးပွားရေး ညီလာခံကို ကနေဒါ ဝန်ကြီးချုပ် Justin Trudeau၊ ဂရိဝန်ကြီးချုပ် Alexis Tsipras၊ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ ဖင်လန် ဘဏ္ဍာရေး ဝန်ကြီး အလက်ဇန္ဒား စတတ်ဘ်၊ သြစတြီးယား နိုင်ငံခြား ရေး ဝန်ကြီး ဆီဘက်ရှန်ကဇ်တို့ အပြင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (OECD)၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO)၊ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (WTO)၊ အပြည်ပြည်ဆိုင်ရာ ငွေ ကြေး ရန်ပုံငွေအဖွဲ့(IMF)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)၊ အာရှ အခြေခံ အဆောက်အဦး ရင်းနှီးမြှုပ်နှံရေး ဘဏ် (Asian Infrastruture Investment Bank- AIIB)မှ ခေါင်းဆောင်များ တက်ရောက်ကြမှာဖြစ်ပါတယ်။
ဒီညီလာခံမှာ အရေးကြီးတဲ့ လုံခြုံရေး၊ ကျန်းမာရေး၊ နည်းပညာနဲ့ စွမ်းအင်ကိစ္စများ အပြင် ကမ္ဘာမှာဖြစ်ပေါ်နေ တဲ့ ဒုက္ခသည်များအရေး၊ ရာသီဥတုဆိုင်ရာ ပြောင်းလဲလာမှု ၊ ဆင်းရဲချမ်းသာကွာဟမှု၊ အာရပ်ကမ္ဘာ၊ တရုတ်၊ အိန္ဒိယ ပြဿနာများကို ဆွေးနွေးကာ အရေးကြီးတဲ့ ဆုံးဖြတ်မယ်လို့ သိရပါတယ်။
နိုင်ငံတကာ မီဒီယာကတော့ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ် ဇာရစ်ကို အီရန် နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားလိုက်တာနဲ့ ပတ်သက်ပြီး ပြောကြားဖို့ မျှော်လင့်နေပါတယ်။
အလားတူ နှစ်ခြမ်းကွဲနေသည့် တူရကီဆိုက်ပရပ်စ် နှင့် ဂရိဆိုက်ပရပ်စ် ပြသနာကိုလည်း ဆွေးနွေးမှာဖြစ်သလို မြောက်ကိုရီးယား ဟိုက်ဒရိုဂျင်ဗုံးပြဿနာကိုလည်း ဆွေးနွေးမယ်လို့ သိရပါတယ်။