သတင်းတို
ရွှေပေးသွင်းရန်ကျန်သည့် ကုမ္ပဏီ ၂၅ ခုအား သတ္တုတွင်းဝန်ကြီးဌာနမှ တရားစွဲမည်
This article has been converted from Zawgyi One to Unicode
သတ္တုတွင်းဝန်ကြီးဌာနသို့ ပေးသွင်းကျန်ရှိသည့် ရွှေစင်များအား လာရောက်ပေးသွင်းခြင်းမရှိသဖြင့် ကုမ္ပဏီ၂၅ ခုမှ အုပ်ချုပ်မှုဒါရိုက်တာနှင့် ဒါရိုက်တာအဖွဲ့ဝင်များကို မကြာမီ တရားစွဲ အရေးယူမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၁ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာမှ အသိပေးချက် ထုတ်ပြန်လိုက်သည်။ အမှတ် ၂ သတ္တုတွင်းလုပ်ငန်းနှင့် ထုတ်မှုအပေါ် ခွဲဝေခံစားသည့်စနစ်ဖြင့် ရွှေသတ္တုအသေးစား ထုတ်လုပ်မှုလုပ်ငန်းအား စာချုပ်ချုပ်ဆို လုပ်ကိုင်ခဲ့ကြသည့် ကုမ္ပဏီများမှ လုပ်ငန်းသဘောတူစာချုပ်အရ နိုင်ငံတော်သို့ ပေးသွင်းရမည့် ရွှေစင်များအား ပေးသွင်းရန် ပျက်ကွက်ခဲ့သည့် ကုမ္ပဏီများအနက်မှ ကုမ္ပဏီ ၁၄၂ခု တို့ကို ရွှေပေးသွင်းမရှိပါက အရေးယူမည်ဟု အသိပေးခဲ့သည်။