သတင်းတို

ထားဝယ်မှာ လက်နက်နဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိ

This article has been converted from Zawgyi One to Unicode

ထားဝယ်မှာ လက်နက်နဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိတနင်္သာရီတိုင်း၊ ထားဝယ်မြို့  တွင် ဇန်နဝါရီလ ၂၀ ရက်နေ့ ညပိုင်းက လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ထားဝယ်မြို့နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်တွင် ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့ ဦးစီးက ထားဝယ်မြို့၊ ဥသရံ ရပ်ကွက်၊ မြို့ ပတ်လမ်းရှိ သီဟနိုင်(ခ) ညီငယ် အသက် ၂၃ နှစ်၏ အိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွ မူးယစ်ဆေးပြား ၁၄၃၆ ပြား ၊ ငွေ ၁၁ သိန်းကျော်၊ ကျည်ဆံ ၇ တောင့်ပါ USA ထုတ် COLT -45- AUTO ပစ္စတို သေနတ် ၁ လက်၊ ဆိုင်ကယ် ၄ စီးတို့ သိမ်းဆည်းရမိကြောင်း သိရှိရသည်။

လက်နက်ခဲယမ်းအသုံးပြုပြီး စိတ်ကြွ ဆေးပြား ရောင်းချသူ  ဇော်သန်းထိုက်၊ မောင်လွှမ်း၊ မျိုးလင်းဟန်၊ မကေသီစိုး (ဖမ်းမိ)တို့(၄)ဦး နှင့် သီဟနိုင် (ခ)ညီငယ် (တိမ်းရှောင်)တို့အား မမစ(ထဝ) မယ(ပ) ၄/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁/၂၂(ခ)အရ အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။

Loading