တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားနေတဲ့ ရေပိုင်နက်မှာ တရုတ်နိုင်ငံအနေနဲ့ ရေနံမတူးဖို့ ဗီယက်နမ် က သတိပေးလိုက်ပါတယ်။
နှစ်နိုင်ငံ သူပိုင်ငါပိုင် အငြင်းပွားနေသည့် တရုတ် ဟိုင်နန်ကျွန်းနှင့် ဗီယက်နမ်၏ အလယ်ပိုင်း ကမ်းရိုးတန်း အကြားရှိတွင် တရုတ်နိုင်ငံ ကမ်းလွန်ရေနံတူးဖော်ရန် လုပ်ဆောင်နေမှုအပေါ် ဗီယက်နမ်နိုင်ငံက စိုးရိမ်ကြောင်း ဗီယက်နမ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Le Hai Binhက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
၂၀၁၄ ခုနှစ်ကလည်း တရုတ်နိုင်ငံက ရေပြင်ပိုင်နက် အငြင်းပွားတဲ့ နေရာမှာ ရေနံတူးမှုကြောင့် ဗီယက်နမ်နိုင်ငံ မှာ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေဖြစ်ပွားခဲ့ရာ လူပေါင်း ၂၁ဦး သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါကြောင့်လည်း ဟနွိုင်း အစိုးရဟာ တရုတ်နိုင်ငံရဲ့ လုပ်ရပ်ကြောင့် ၂၀၁၄ ခုနှစ်လို တရုတ်ဆန့်ကျင်ရေးမျိုး ဖြစ်လာမှာကို စိုးရိမ်နေပြီး တားဆီးဖို့ ပြုလုပ်နေပါတယ်။
ပြီးခဲ့တဲ့ ဗုဒဟူးနေ့က ပီကင်းအစိုးရကတော့ ရေနံတူးတဲ့နေရာဟာ သူ့ရဲ့ ရေပြင်ပိုင်နက်ဖြစ်တယ်လို့ ဆိုလိုက်ပါ တယ်။
တောင်တရုတ်ပင်လယ်အတွင်း ကျွန်းများ၊ ရေပြင်ပိုင်နက်များနှင့် ပတ်သက်၍ တရုတ်နိုင်ငံနှင့် ဒေသတွင်းရှိ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်နိုင်ငံတို့နှင့် အငြင်းပွားမှုများဖြစ်ပေါ်စဉ်မှာ အခုလို တရုတ်နိုင်ငံက ရေနံတူးစင်ဆောက်လုပ်ကာ တူးဖော်ဖို့ လုပ်ကိုင်လိုက်ခြင်းဖြစ်ပါတယ်။