စင်ကာပူနိုင်ငံက ဆောက်လုပ်ရေး လုပ်ငန်းမှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၆ ဦးကို အယ်ကိုင်ဒါး၊ IS အကြမ်းဖက် စစ်သွေးကြွတွေရဲ့ ဂျီဟတ်အတွေးအခေါ်တွေကို သင်ကြားလေ့လာတဲ့ အဖွဲ့ ထူထောင် တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စင်ကာပူ အစိုးရက မနေ့က နေရပ်ရင်းကို ပြန်ပို့လိုက်ပါတယ်။
သူတို့ကို စင်ကာပူ အာဏာပိုင်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ဖမ်းဆီးခဲ့တာဖြစ်ပြီး၊ အများစုဟာ စင်ကာပူမှာ ၂နှစ်မှ ၇နှစ်အထိ အလုပ်လုပ်ကိုင်နေသူတွေဖြစ်သလို၊ သူတို့ဟာ ပွင့်လင်းမြင်သာမှုမရှိ ဘာသာ ရေး အတွေးအခေါ်တွေကိုလေ့လာနေတဲ့ အဖွဲ့ဝင်တွေဖြစ်ပြီး သူတို့ကို ဆီးရီးယားနဲ့ အီရတ်မှာရှိတဲ့ IS နဲ့ အယ်ကိုင်ဒါး အကြမ်းဖက် အဖွဲ့တွေက အထောက်အပံပေးနေတယ်လို့ စင်ကာပူ အာဏာပိုင်တွေက ဆိုပါတယ်။
“အဲဒီအဖွဲ့ဝင်တွေဟာ အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ရှောင်ရှားဖို့ပဲဖြစ်ပြီး ဂျီဟတ်နဲ့ စိတ်ပိုင်းဆိုင် ရာ ဆက်နွယ်မှုတွေ ရှိနေတယ်ဆိုတာကို သူတို့ကြားထဲမှာလည်း သိုသိုသိပ်သိပ်နေကြသလို အပတ်စဉ် အစည်းအဝေးပွဲတွေလုပ်တယ်။ စုဝေးကြပြီးတော့ ဂျီဟတ်လက်နက်ကိုင်အကြောင်းတွေ မွတ်စလင်ဘာသာဝင်တွေ ပါဝင်ပတ်သတ်ခဲ့တဲ့ ပဋိပက္ခတွေကို ဆွေးနွေးခဲ့ကြတယ်။ သူတို့ရဲ့ အဖွဲ့ဝင်တွေ များလာဖို့အတွက် တခြားဘင်္ဂလာဒဒေ့ချ်နိုင်ငံသားတွေကိုလည်း စုဆောင်းတယ်လို့” စင်ကာပူ အာဏာပိုင် တွေက ပြောပါတယ်။