• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဘိန်းခင်းများ ဖျက်ဆီးရန် ကချင်ပြည်နယ် အစိုးရအဖွဲ့ ခွင့်ပြု

by နန်းဆိုင်နွမ်
21 January 2016
in သတင်း
A A
ဘိန်းခင်း, ကချင်ပြည်နယ်, ဝိုင်းမော်

ဘိန်းခင်းများကို ဖျက်ဆီးနေသည့် ရဲတပ်ဖွဲ့နှင့် ဒေသခံများ (ဓာတ်ပုံ - ဖိုးသား/တောင်ကြီး)

11.6k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ် အထူးဒေသ (၁)၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ဘိန်းခင်းများကို ဖျက်ဆီးရန် ကချင်ပြည်နယ် အစိုးရအဖွဲ့က လူထုအခြေပြု မူးယစ် ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ကို ခွင့်ပြုမိန့်ပေးလိုက်သည်ဟု သတင်းရရှိသည်။

ဝိုင်းမော်မြို့နယ်၊ လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် ဖာသာ ဇုန်းဒိန့်က“အင်အား တထောင်ကျော်နဲ့ အစီ အစဉ်တွေ အားလုံး ဆွဲပြီးသွားပြီ။ အာဏာပိုင်တွေဆီက လုံခြုံရေး တောင်းပါတယ်။ ဒီနေ့ ကျနော်တို့ကို သွားရောက်ဖျက်ဆီးဖို့ သက် ဆိုင်ရာက ဆုံးဖြတ်လိုက်ပါပြီ။ သဘက်ခါကျရင် အားလုံးတက်ပါမယ်”ဟု ဧရာဝတီသို့ ပြောသည်။

RelatedPosts

မြန်မာ့ နှစ် ၆၀ ကျိန်စာစက်ဝန်းကို ချိုးဖျက်ခြင်း

မြန်မာ့ နှစ် ၆၀ ကျိန်စာစက်ဝန်းကို ချိုးဖျက်ခြင်း

19 May 2025
0
ရန်ကုန်မှာ အလုပ်သမားဆန္ဒပြပွဲ ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

ရန်ကုန်မှာ အလုပ်သမားဆန္ဒပြပွဲ ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

19 May 2025
13
အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

19 May 2025
1.1k

လူထု အခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ကို တားဆီးခဲ့သူများမှာ ဝိုင်းမော်မြို့နယ် အတွင်းရှိ နယ်ခြားစောင့်တပ်ဖွဲ့၊ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များနှင့် ဒေသခံ ဘိန်းစိုက်ပျိုးသူများ ဖြစ်သည်ဟု ဖာသာ ဇုန်းဒိန့်က ပြောသည်။

ဖာသာဇုန်းဒိန့်က ၎င်းတို့အဖွဲ့မှာ ယခင်က ဘိန်းခင်းများကို ဖျက်ဆီးခဲ့ရာတွင် အစိုးရထံမှ ခွင့်ပြုချက် တောင်းခံခြင်း မပြုခဲ့သေ်ာလည်း ယခု တောင်းရသည်မှာ ဇန်နဝါရီလ ၁၉ ရက်က ဝိုင်းမော်မြို့နယ်အတွင်းရှိ ဘိန်းခင်းများကို ဖျက်ဆီးရန် သွားရောက်ရာ နယ်ခြားစောင့် တပ်ဖွဲ့နှင့် ပြည်သူ့စစ်တပ်ဖွဲ့တို့က လာရောက် တားဆီးခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ပြောသည်။

ဒေသခံ မူးယစ်ဆေးဝါး တိုက်ဖျက်သူ တဦးကလည်း“လမ်းမှာ လူ ၅၀၀ လောက်က တုတ်တွေ ဓါးတွေ သေနတ်တွေနဲ့ ကိုင်ပြီး စောင့်နေ တယ်။ အဲဒါကြောင့် ကျနော်တို့ ဆက်သွားလို့ မရတော့ဘူး။ ကျနော်တို့ရဲ့ လုံခြုံရေးပေးဖို့အတွက် ဝိုင်းမော် ရဲစခန်းနဲ့ အုပ်ချုပ်ရေးမှူးကို အကူအညီ တောင်းရတယ်”ဟု ပြောသည်။

ဇန်နဝါရီလ ၁၅ ရက်ကလည်း ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ဘိန်းခင်းများ ရှင်းလင်းကြရာ တူးမီးသေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်ခံရပြီး အဖွဲ့ဝင်တဦးဖြစ်သည့် အသက် ၁၉ နှစ်အရွယ် လထော်တူးစိုင်းကို ထိမှန်ကာ သေဆုံးမှု ဖြစ်ပွားခဲ့သည်။

လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့မှာ ကချင်ပြည်နယ်အတွင်းရှိ တနိုင်တပိုင် စိုက်ပျိုးနေသည့် ဘိန်းခင်းများကို လိုက်လံ ဖျက်ဆီးခြင်းများ ပြုလုပ်နေသော်လည်း ဘိန်းခင်းပိုင်ရှင်များကို အစားထိုးသီးနှံ ပြန်ပေးခြင်း၊ ငွေကြေး တစုံတရာ ထောက်ပံ့ပေးခြင်း မရှိဟုလည်း သိရသည်။

ကချင်လူထု အခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ကို ၂၀၁၄ ခုနစ် ဧပြီ ၂၅ ရက်တွင် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင် ပြည်နယ်တို့တွင် ဖွဲ့စည်းခဲ့ပြီးနောက် ၂၀၁၅ ခုနစ်တွင် ဘိန်းဧက ၃ ထောင်ကျော် ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ် အပါအဝင် ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်နှင့် အင်ဂျန်းယန် မြို့နယ်တို့မှာ စခုန်တိန့်ယိန်း၏ နယ်ခြားစောင့်တပ်များ၏ အုပ်ချုပ်ရေး အာဏာ ၈၀ ရာခိုင်နှုန်းခန့် သက်ရောက်သည့် မြို့များ ဖြစ်သည့်အပြင် အဆိုပါ ဒေသများတွင် တပ်မတော်တပ်ရင်း တပ်ဖွဲ့ များ၏ လုံခြုံရေး စခန်းများလည်း ရှိသည်။

စခုန်တိန့်ယိန်းမှာ ၁၉၆၅ ခုနှစ်တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)မှ ခွဲထွက်ပြီး ကချင် ကွန်မြူနစ် လက်နက်ကိုင် တပ်ဖွဲ့ကို ဦးဆောင်ပြီး ထူထောင်ခဲ့သူ ဖြစ်သည်။ ၁၉၉၀ ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေး ယူလိုက်ပြီး နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ စခုန်တိန့်ယိန်းဒေသတွင် နယ်ခြားစောင့်တပ်အပြင် ပြည်သူ့စစ်တပ်ဖွဲ့တခုလည်း ရှိပြီး အဆိုပါ တပ်ဖွဲ့တွင်လည်း ၎င်းမှာ နာယက ဖြစ်ပြီး အာဏာသက်ရောက်မှု ရှိသည်။

၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင်လည်း ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်၊ အင်ဂျန်းယန် မြို့နယ်တို့၏ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိထားသူလည်း ဖြစ်သည်။

Your Thoughts …
Tags: Rule of Law
နန်းဆိုင်နွမ်

နန်းဆိုင်နွမ်

Honest Information(HI)

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.2k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

by ဧရာဝတီ
28 August 2014
18.1k

မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

by မေစစ်ပိုင်
1 February 2016
16.1k

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

by မေစစ်ပိုင်
21 January 2016
42.4k

ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

ခွန်ဆာ

ကျားထောင်ချောက်နဲ့ ခွန်ဆာ

by အောင်မြို့
4 June 2016
19.1k

၁၉၉၆ မှာတော့ အမေရိကန်တွေကို အံ့အားသင့်စေတဲ့ အကွက်ရွှေ့မှုအဖြစ် မြန်မာ န၀တ အစိုးရဆီမှာ လက်နက်အပ်ပြီး ခွန်ဆာနဲ့ သူ့ဇနီးတွေ၊ သားသမီးတွေက ရန်ကုန်မှာ အစိုးရရဲ့ အစောင့်အရှောက်နဲ့ နေလိုက်ကြပါတော့တယ်။

Next Post
မျိုးဆက် ပျက်လုနီးပါးဖြစ်နေသည့် မန္တလေးက ကြိမ်ထိုးလုပ်ငန်း

မျိုးဆက် ပျက်လုနီးပါးဖြစ်နေသည့် မန္တလေးက ကြိမ်ထိုးလုပ်ငန်း

ပန်းချီ, ကံ့ကော်ရွာ

အစဉ်အလာကြီးမားခဲ့တဲ့ ကံ့ကော်ရွာ အနုပညာ ပြပွဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate